ဧပြီလ ၉ ရက် ယနေ့ နံနက်ပိုင်းတွင် SSPP နှင့် RCSS တပ်ဖွဲ့ဝင်များ လဲချားမြို့နယ် စလိုင်းလွိုင်တဝိုက်၌ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး RCSS စစ်သည် ၁ ဦး သျှမ်းပြည်အတွက် အသက်ပေးလှူသွားလိုက်ရပြီး၊ အခြား စစ်သည် ၁ ဦး အဖမ်းဆီးခံရကာ လက်နက်ငယ်အချို့ ဆုံးရူံးသွားသည်ဟု ဆိုသည်။
RCSS အရာရှိတဦးကလည်း “ ဟုတ်ပါတယ် သူတို့လာဝိုင်းပြီး အငိုက်မိသွားတဲ့သဘောဖြစ်သွားပုံပါ” ဟု ဖြေကြားပါသည်။
RCSS ၏ လဲချားမြို့နယ်၊ စလိုင်းလွိုင်နယ်မြေခံစစ်သည်အချို့၏ မော်တော်ဆိုင်ကယ် ၁ စီး၊ M-22 ၂ လက်၊ RPG ၁ လက် နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ဆုံးရူံးသွားသည်မှာ ဟုတ်မှန်ကြောင်း ပြောပါသည်။
