ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
၂၀၂၃ ခုနှစ် မေလ(၄)ရက်နေ့၌ သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ရှိ KTV တစ်ခုတွင် လာရောက်ပျော်ပါးသည့် SSPP အဖွဲ့ဝင်တစ်ဦးအပါအဝင် ၎င်းနှင့်လိုက်ပါလာသည့် ကိုယ်ရံတော်တပ်သားတစ်ဦး၊ ပြည်သူ(၆)ဦး အား စစ်ကောင်စီတပ်မှ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ ဒေသခံပြည်သူများက Ngao Leng Hun Mai သတင်းဌာနထံ “စစ်ကောင်စီတပ်မှ SSPP အရာရှိတစ်ဦးနှင့်၎င်း၏ကိုယ်ရံတော်အပါအဝင် သူတို့နဲ့လိုက်ပါလာတဲ့ ဒေသခံပြည်သူ(၆)ဦးကို ကျောက်မဲမှာရှိတဲ့ KTV တစ်ခုမှာ ဝင်ဖမ်းသွားတာ။ ဖမ်းခံရတဲ့ SSPP အဖွဲ့ဝင်ကတော့ ကျောက်မဲမြို့နယ်ရဲ့ မြို့နယ်(၂၀) တာဝန်ခံလို့တော့သိရတယ်။ စစ်ကောင်စီတပ် မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ဖမ်းဆီးတာလို့လည်းကြားသိရသလို လက်နက်ကိုင်ဆောင်ပြီး မြို့ထဲဝင်လာတာကြောင့်လို့လည်း ပြောကြတယ်” ဟု ဖြေကြားထားသည်။
ဖမ်းဆီးခံရသည် ပြည်သူ(၆)ဦးတွင် အမျိုးသမီး(၂)ဦးကိုသာ ပြန်လည်လွတ်ပေးထားပြီး ကျန်သည့် အမျိုးသား(၄)ဦးကို ပြန်လွတ်ပေးခြင်းမရှိသေးဘဲ ကျောက်မဲမြို့တွင် ဖမ်းဆီးထားကြောင်း သိရသည်။ ဖမ်းဆီးခံထားရသည့် ပြည်သူ(၄)ဦးသည့် ကျောက်မဲမြို့နယ် ခေးနင်းကျေးရွာမှ တစ်ဦး၊ လုတ်အင်ကျေးရွာသားတစ်ဦး၊ နမ့်ဟန်ခိတ်ကျေးရွာသားတစ်ဦး၊ နောင်ပိန်ကျေးရွာသားတစ်ဦးဖြစ်ပြီး SSPP တပ်ဖွဲ့ဝင်နှင့်အတူ လိုက်လာကြသူများဖြစ်ကြောင်း သိရသည်။
SSPP အရာရှိထံ၌ ပစ္စတိုသေနတ်(၁)လက်နှင့်အတူ ကား(၂)စီး၊ ငွေကျပ် သိန်း(၁၀၀) ခန့် သိမ်းဆည်းရမိသည်ဟုဆိုသည်။ ဖမ်းဆီးခံရသူများ ယနေ့အထိ ပြန်လည်လွတ်ပေးခြင်း မရှိသေးပါ။
source & Ngao Leng Hun Mai