ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

SSPP အဖွဲ့၏ မီးမြိုက်နှိပ်စက်ခံရသည့် ဖောင်းဆိုင်ရွာလူကြီး ဦးစိုင်းဝါလ သေပြီဟု သတင်းများထွက်ပေါ်လာ

SSPP အဖွဲ့၏ မီးမြိုက်နှိပ်စက်ခံရသည့် ဖောင်းဆိုင်ရွာလူကြီး ဦးစိုင်းဝါလ သေပြီဟု သတင်းများထွက်ပေါ်လာ

Hsan Loi Editor
17/05/2023
Share:

 

၂၀၂၃ ခုနှစ် မေလ (၉)ရက်နေ့တွင် သျှမ်းအမျိုးသားတစ်ဦးကို SSPP တပ်သားများက နောက်ပြန်ကြိုးတုပ်ပြီး သစ်ပင်တွင်တွဲလောင်းချိတ်ထားကာ မီးမြိုက်နှိပ်စက်နေသည့် ရုပ်သံတစ်ခု လူမှုကွန်ယက်ပေါ်တွင် ပျံ့နှံ့ခဲ့သည်။ အဆိုပါ ရုပ်သံဖိုင်နှင့်ပတ်သက်၍ ပြည်တွင်းပြည်ပရှိ သျှမ်းပြည်သူလူထုများအကြား ဝေဖန်မှုများမြင့်တက်ခဲ့ပြီး အမြင်ကွဲပြားသည့် သဘောထားများလည်း တွေ့ရှိခဲ့သည်။

 

ယခုအခါ ဖမ်းဆီးနှိပ်စက်ခံခဲ့ရသည့် ဦးစိုင်းဝါလသည် SSPP အဖွဲ့၏နှိပ်စက်မှုကြောင့် အသတ်သေဆုံးခဲ့ရပြီဟု Tai Freedom သတင်း၏ ယနေ့သတင်းဖော်ပြမှုအရ သိရသည်။ ဦးစိုင်းဝါလ ဖမ်းဆီးနှိပ်စက်ခံရမှုနှင့် ပတ်သက်၍ SSPP အဖွဲ့မှ ၎င်းတို့၏ တပ်သားများမှ ဖမ်းဆီးခြင်းဖြစ်ကြောင်း ဝန်ခံထားသလို ဦးစိုင်းဝါလ၏ ကျန်းမာရေးစောင့်ရှောက်မှုလည်း ပေးထားကြောင်း ဖော်ပြထားသော်လည်း ယနေ့အထိ ၎င်း၏မိသားစုဝင်များနှင့် အဆက်အသွယ်မရသေးဘဲ ယခုလို သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

 

ဟိုပုံးမြို့နယ် ဖောင်းဆိုင်ကျေးရွာ ရွာလူကြီးဦးစိုင်းဝါလနှင့်အတူ ရွာသား(၁၁)ဦးကို SSPP အဖွဲ့မှ ဖမ်းဆီးထားခြင်းဖြစ်သည်။ ၎င်းတို့သည်

(၁) ဦးစိုင်းဝါလ

(၂) လုင်းတော

(၃) လုင်းအော

(၄) လုင်းမောင်

(၅) လုင်းဆော

(၆) လုင်းဆောလိန်

(၇) လုင်းကျော်ရှင်

(၈) စိုင်းဝိ

(၉) စိုင်းခေး

(၁၀) စိုင်းရွှေ

(၁၁) စိုင်းဆာတို့ဖြစ်သည်။

 

အဆိုပါ ရွာသား(၁၁)ဦးအား လာရောက်ဖမ်းဆီးသူများသည် SSPP စစ်ဝတ်စုံဝတ်ထားသော ဝ စစ်သားများဖြစ်ပြီး ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များနှင့်လည်း တွေ့ခွင့်မပေးကြောင်းသိရသည်။

 

ဆက်စပ်သတင်းများအရ အမေရိကန်နိုင်ငံရောက် သျှမ်းလူမျိုးများက ဦးစိုင်းဝါလနှင့်အတူ SSPP အဖွဲ့၏ ဖမ်းဆီးနှိပ်စက်ခြင်းခံရသည့် မိသားစုဝင်များအတွက် (၂၃) သိန်းကျပ်ကို လှူဒါန်းထောက်ပံ့လာခဲ့ကြောင်း သိရသည်။

 

“အမေရိကန်ရောက် သျှမ်းလူမျိုးများက ကူညီထောက်ပံ့လာတဲ့ ငွေတွေကို ကာယကံရှင်တွေရဲ့ မိသားစုဝင်တွေလက်ထဲကို (၁၄.၅.၂၀၂၃) ရက်နေ့က ပေးအပ်နိုင်ခဲ့ပါပြီ။ SSPP ကနေဖမ်းဆီးသွားတဲ့ ရွာသား(၁၁) ယောက်ကတော့ အခုထိ တစ်ယောက်မှပြန်မလွတ်လာသေးဘူး။ လုင်းတောနဲ့လုင်းဝါလကတော့ သေပြီလို့ ရွာသားတွေပြောပြချက်အရ သိရတယ်။ ဒီသတင်းကတော့ သျှမ်းလူထုတွေက ထိတ်လန့်တုန်လှုပ်စရားကောင်းလှပါတယ်။” ဟု ဒေသခံတစ်ဦးက Tai Freedom ကို ပြောပြခဲ့သည်ဟုဆိုသည်။

 

ဦးစိုင်းဝါလ နှိပ်စက်ခံရသည့် ရုပ်သံဖိုင်ထွက်ပေါ်လာပြီးနောက် ဖောင်းဆိုင်ကျေးရွာတွင် နေထိုင်သော ကျေးရွာသူ ကျေးရွာသားများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ဦးစိုင်းဝါလတွင် ဇနီးနှင့်သားသမီးများ ကျန်နေခဲ့သည်။