ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

SSPP အဖွဲ့မှ ကျေးသီးမြို့နယ် ပန်ငူးကျေးရွာသားတစ်ဦးအား ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ၎င်းအလောင်းကိုလာရောက်သယ်ဆောင်ရန် မိသားစုဝင်များထံ အကြောင်းခဲ့ဟုဆို

SSPP အဖွဲ့မှ ကျေးသီးမြို့နယ် ပန်ငူးကျေးရွာသားတစ်ဦးအား ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ၎င်းအလောင်းကိုလာရောက်သယ်ဆောင်ရန် မိသားစုဝင်များထံ အကြောင်းခဲ့ဟုဆို

Hsan Loi Editor
23/04/2023
Share:

 

၂၀၂၃ ခုနှစ် ဧပြီလ (၂၀)ရက်နေ့ ညပိုင်းခန့်က သျှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းနန်းကျေးရွာအုပ်စု ပန်ငူးကျေးရွာမှ လုင်းဆန်ညွန့်အား SSPP တပ်သား(၄)ဦး လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ဧပြီလ (၂၂) ရက်နေ့ ယမန်နေ့တွင် ဦးဆန်ညွန့် အလောင်းအား SSPP အဖွဲ့ထံ လာရောက်ထုတ်ယူရန်နှင့် သဂြိုလ်မှုပြုရန် ၎င်း၏ မိသားစုဝင်များထံ အကြောင်းကြားခဲ့သည်။

ဦးဆန်ညွန့်ကို RCSS အဖွဲ့နှင့်အဆက်အသွယ်ရှိသည်ဆိုသော အကြောင်းပြချက်ဖြင့် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး SSPP အဖွဲ့မှ သံသယဝင်ထားသော ကျေးရွာသားများလည်း သတိထားနေကြရန် သတိပေးခြိမ်းခြောက်ထားသည်ဟု ဆိုသည်။

“ဦးဆန်ညွန့်က ထိုင်းနိုင်ငံချင်းမိုင်မြို့ကနေပြန်ရောက်ပြီး (၄-၅) ရက်လောက်ပဲရှိဦးမယ်ထင်တယ်။ သူ့ကို RCSS အဖွဲ့နှင့်အဆက်အသွယ်ရှိတယ်ဆိုပြီး သံသယဝင်လို့ သူ့အိမ်မှာလာဖမ်းသွားကြတာပါ။ နောက်တော့ သူ့အလောင်းကို လာပြန်ထုတ်ပြီး သဂြိုလ်ပေးဖို့ သူ့မိသားစုထံကို အကြောင်းကြားလာတယ်။ သူ့မိသားစုဝင်တွေတော့ မျက်ရည်နဲ့မျက်ခွက်တွေဖြစ်ကုန်ပြီပေါ့။ ပြီးတော့ သူက ကျေးရွာရဲ့ ကျောင်းကော်မတီဝင်တစ်ယောက်လည်း ဖြစ်တော့ ရွာသူရွာသားတွေလည်း စိတ်မကောင်းဘူး။” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးကပြောပြသည်။

လက်ရှိတွင် ကျေးသီးမြို့နယ်၌ SSPP အဖွဲ့နှင့် ၎င်းတို့မိတ်ဖက်မြောက်ပိုင်းမဟာမိတ်တပ်သားများ နေထိုင်နေကြသည်။

ဦးဆန်ညွန့်သေဆုံးခြင်းနှင့်ပတ်သက်၍ SSPP အဖွဲ့မှ တစ်စုံတစ်ရာ ပြန်လည်ဖြေရှင်းခြင်းမရှိသေးကြောင်း သတင်းရရှိသည်။