ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

SSPP မှ နေ့ခင်းကြောင်တောင် နမ့်လန်မြို့လည်ခေါင်အတွင်း သေနတ်ပစ်ဖောက်ကာ တပ်သားသစ်ဝင်ရောက်စုဆောင်းမှုပြုလုပ်ချိန် စစ်ကောင်စီဘက်ကလည်း သေနတ်ပြန်လည်ပစ်ခတ်မှုကြောင့် နမ့်လန်ဒေသခံတွေ စိုးရိမ်ထိတ်လန့်ခဲ့

SSPP မှ နေ့ခင်းကြောင်တောင် နမ့်လန်မြို့လည်ခေါင်အတွင်း သေနတ်ပစ်ဖောက်ကာ တပ်သားသစ်ဝင်ရောက်စုဆောင်းမှုပြုလုပ်ချိန် စစ်ကောင်စီဘက်ကလည်း သေနတ်ပြန်လည်ပစ်ခတ်မှုကြောင့် နမ့်လန်ဒေသခံတွေ စိုးရိမ်ထိတ်လန့်ခဲ့

Hsan Loi Editor
08/06/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့တွင် ယမန်နေ့ ဇွန်လ(၇)ရက်နေ့က SSPP အဖွဲ့မှ မြို့လည်ခေါင်အထိ ရောက်လာပြီး တပ်သားသစ်စုဆောင်းမှုပြုလုပ်ခဲ့ကြောင်း သိရသည်။ SSPP အဖွဲ့မှ နမ့်လန်မြို့အတွင်း တပ်သားသစ်စုဆောင်းမှုပြုလုပ်နေသည်မှာ တစ်လနီးပါးခန့်ရှိနေပြီ ဖြစ်ပြီး ယခင်က ညဘက်မှသာ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

 

ယမန်နေ့တွင် နေ့ခင်းကြောင်တောင် လက်နက်အပြည့်အစုံဖြင့် ရောက်ရှိလာခြင်းဖြစ်ပြီး သေနတ်ပစ်ဖောက်ကာ ခြိမ်းခြောက်မှုပြုလုပ်ခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ ထိုအချိန်တွင် နမ့်လန်မြို့၌ အခြေစိုက်ထားသည့် စစ်ကောင်စီတပ်မှ သေနတ်များပြန်လည်ပစ်ခတ်ခြင်းကြောင်း နမ့်လန်မြို့နယ်အတွင်း နေထိုင်သော ဒေသခံပြည်သူလူထုများ စိုးရိမ်ထိတ်လန့် ခဲ့ရသည်။

 

ထို့ကြောင့် ဈေးများ၊ စာသင်ကျောင်းများပိတ်ပြီး နမ့်လန်မြို့လည်ခေါင်တွင်လည်း လူသူကင်းမဲ့သည်အထိ ကြောက်လန့်ခဲ့ကြောင်း သိရသည်။

 

“SSPP က စစ်သားလာကောက်နေတာ ၂ ပတ်ကျော် ၃ ပတ်လောက်ရှိနေပြီ သူတို့က စာရင်းအတိအကျ ညပိုင်းတွေမှာ အိမ်တံခါးတွေ လိုက်ခေါက်ပြီး လူငယ်တွေကို ဖမ်းသွားကြတယ်။ တချို့လူငယ်တွေက သတင်းကြိုရပြီး ထွက်ပြေးလို့ သူတို့မိဘတွေကို ဖမ်းဆီးခေါ်ဆောင်သွားပြီး သူတို့သားတွေ ပြန်အစားထိုးမှ ပြန်လွတ်ပေးတယ်။ မနေ့ကတော့ သူတို့က နေ့ခင်းကြောင်တောင် ယူနီဖောင်းအပြည့်အစုံ လက်နက်အပြည့်အစုံနဲ့ ရောက်လာပြီး ရပ်ကွက်တွေထဲ စစ်သားသစ်အတွက် လာခေါ်ကြတယ်။ ဘာကြောင့်လဲမသိပေမယ့် သေနတ်သံ ဆက်တိုက်ထွက်လာပြီးတော့ သိပ်မကြာဘူး မြို့အထွက်ဘက်က စစ်ကောင်စီတပ်ကနေလည်း သေနတ်သံတွေ ထပ်ထွက်လာတော့ လူတွေလန့်ပြီး ဈေးတွေသိမ်းကုန်ကြတယ်။ ကျောင်းတွေလည်း ပိတ်ကုန်ကြတယ်။ ဒီနေ့တော့ လူသွားလူလာနည်းနည်းပါးပါး ပြန်ရှိနေပေမယ့် ကြောက်တော့ကြောက်နေကြတုန်းပဲ။” ဟု နမ့်လန်မြို့နေ ပြည်သူတစ်ဦးက ပြောပြသည်။

 

အလားတူ SSPP အဖွဲ့သည် မူဆယ် နမ့်ခမ်းမြို့နယ်ဘက်တွင်လည်း တပ်သားသစ်စုဆောင်းရာတွင် ပြည်သူလူထုများနှင့် သဘောထားကွဲလွဲပြီး သေနတ်ပစ်ဖောက် ခြိမ်းခြောက်မှု ပြုလုပ်ခဲ့သေးကြောင်း သတင်းရရှိသည်။

 

Exif_JPEG_420