ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

SSPP နှင့် တပ်ပေါင်းစုက မိုင်းကိုင်၊ လဲချား၊ ပင်လုံမြို့ခံများထံမှ ဆန်အိတ် ၅၀၀၀ ကျော် တောင်းဆို

SSPP နှင့် တပ်ပေါင်းစုက မိုင်းကိုင်၊ လဲချား၊ ပင်လုံမြို့ခံများထံမှ ဆန်အိတ် ၅၀၀၀ ကျော် တောင်းဆို

Hsan Loi Editor
04/12/2022
Share:

 

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့က SSPP နှင့် တပ်ပေါင်းစုကို လဲချားမြို့ ဒေသခံများ ဆန်အိတ် ၂ ထောင်ပေးရန် အစည်းအဝေးခေါ်၍ တောင်းဆိုထားကြောင်း လူမှုအဖွဲ့အစည်းအချို့က ပြောပါသည်။

 

“အုပ်ချုပ်ရေးမှူးတွေကို ခေါ်သွားတာ ဟုတ်ပါတယ်၊ အမှန်က သူတို့ ဆန်အိတ် ၂ ထောင်လောက်တောင်းတာပါ၊ လဲချားမြို့ထဲမှာတော့ ရပ်ကွက်တိုင်းတောင်းထားတယ်” ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောပါသည်။

 

အလားတူ ပင်လုံမြို့ခံများလည်း ဆန်အိတ် ၂၀၀၀ ပေးရန် တောင်းဆိုထားကြောင်း အခြား အရပ်ဖက်အဖွဲ့အစည်းအချို့ထံမှ သိရသည်။ ပင်လုံမြို့ခံများ ဖမ်းဆီးခံရသည့်ကိစ္စ သျှမ်းပါတီများ မှီခို အားကိုးအားထားမရကြောင်း ပြောဆိုသံထွက်နေပါသည်။

 

မိုင်းကိုင်မြို့နယ် ဒေသခံတဦးကလည်း “၄ ရပ်ကွက်က ဆန်အိတ် ၂၅၀၊ ၁ ရပ်ကွက်က ဆန်အိတ် ၂၅၀၊ အားလုံးပေါင်း ၇ ရပ်ကွက်လောက်ရှိပါတယ် တောင်းထားတာ။ အခု ဆန် ၁ အိတ်ကို ကျပ် ၄၁,၀၀၀ ဆိုတော့ အားလုံးပေါင်း ၈၂ သိန်းလောက်ကျပါ့မယ် တွက်ကြည့်ထားတာ” ဟု ပြောပါသည်။

 

သို့သော် ဆန်မယူဘဲ ငွေသားသာ ပေးရန် မိုင်းကိုင်အုပ်ချုပ်ရေးမှူးများကို ပြောသည်ဟု ဆိုပြန်သည်။

 

ယင်းအပြင် မိုင်းကိုင်မြို့ ၁ ရပ်ကွက်လျှင် ၈ ဦးနှုန်း SSPP နှင့် တပ်ပေါင်းစုထံ စစ်မှုထမ်းရန် တပ်သားသစ်စုဆောင်းမှုပြုနေကြောင်းလည်း ပြောပါသည်။

 

မြို့နယ်/ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ဌာနဆိုင်ရာအချို့မသိသည်မှာ မဖြစ်နိုင်ကြောင်းနှင့် ပူးပေါင်း၍ ပြည်သူလူထုကို ဖိနှိပ်နေခြင်းဖြစ်သည်ဟု ပြောပါသည်။

 

ရာတော်ရပ်ကွက်ထဲတွင် စစ်ကောင်စီနှင့် SSPP တပ်ပေါင်းစုစစ်သည်တို့အကြား ခြင်းလုံးပင် အတူတူ ကစားနေသည်ကို တွေ့ရသည်ဟု ဆိုသည်။

 

SSPP တပ်ပေါင်းစုအဖွဲ့တို့ ရောက်ရှိရာ နေရာဒေသ၊ မြို့နယ်အတော်အများများရှိ သျှမ်း၊ ပလောင်၊ အခြားဒေသခံများ မနေနိုင်၍ မြန်မာပြည်အလယ်ပိုင်း၊ မြှောက်ပိုင်းနှင့် ထိုင်းနိုင်ငံဘက်သို့ အဆက်မပြတ် အိုးအိမ်စွန့်ခွာထွက်ပြေးသွားကြကြောင်း ကျောက်မဲမြို့ခံတဦးကလည်း ပြောပါသည်။

 

#HsanLoiVoice

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

https://hsanloivoice.org/

Photo: Anan Anan