နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

SSJAC နဲ့ သျှမ်းလူငယ် ဆိုင်ပျန်းအဖွဲ့က အင်းလေးအပါအဝင် ငလျင်ဒဏ်သင့်ဒေသတွေကို သိန်း ၃၀၀၀ ကျော်လှူဒါန်းခဲ့

SSJAC နဲ့ သျှမ်းလူငယ် ဆိုင်ပျန်းအဖွဲ့က အင်းလေးအပါအဝင် ငလျင်ဒဏ်သင့်ဒေသတွေကို သိန်း ၃၀၀၀ ကျော်လှူဒါန်းခဲ့

Hsan Loi Editor
24/04/2025
Share:

 

သျှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ -SSJAC ရဲ့ငလျင်ဘေးဒဏ်သင့်လူထုကူညီရေးအဖွဲ့နဲ့ သျှမ်းလူငယ် ဆိုင်ပျန်းမိတ်ဆွေ များအဖွဲ့က အင်းလေးအပါအဝင် ငလျင်ဒဏ်သင့်ဒေသတွေကို သိန်း ၃၀၀၀ ကျော်လှူဒါန်းခဲ့တယ်လို့ သိရပါတယ် ။

 

SSJAC အနေနဲ့ ငလျင်ဘေးသင့်ပြည်သူတွေကို လှူဒါန်း ရာမှာ သိန်းပေါင်း ၂၄၄၀၀၇၆၀၀ ကျော် ပါဝင်ခဲ့ပြီး သျှမ်းလူငယ် ဆိုင်ပျန်းမိတ်ဆွေ အဖွဲ့ကသိန်းတစ်ထောင်ကျော်ပါဝင်လှူဒါန်းခဲ့တယ်လို့ သိရပါတယ် ။

 

” အင်းလေး ဒေသမှာ ငလျင်ကြောင့် ပျက်စီးခဲ့တဲ့ နေအိမ်တွေ ပြန်လည်တည်ဆောက်ရေးအတွက် ငွေကြေးတွေ ၊ စားနပ်ရိက္ခာ နဲ့ ကိုယ်ဝန်ဆောင် သည်တွေကို အဓိကထား လှူဒါန်း ခဲ့တယ်လို့ ” ဆိုင်ပျန်းအဖွဲ့ကသွားရောက်လှူဒါးခဲ့သူတစ်ဦးကပြောပါတယ် ။

 

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်အတွင်းက

နေအိမ်နဲ့ စာင်ကျောင်းတွေပါပြိုကျခဲ့တဲ့ ဟန်ချို့ကျေးရွာ နဲ့မြေနီကုန်း၊ရှမ်းရွာ လယ်ပြင်၊နမ့်ဟူး၊တောင်ပို့နီ၊ချမ်းသာကြီးကျေးရွာများ အိုင်ထောင့်ကြီး၊မြောင်းဝကြီး၊ပွဲစားကုန်း၊ညောင်ဝန်း၊ဟကြေးစားကုန်း ကျေးရွာများရှိ ပြိုလဲနေအိမ်များပြန်လည်ထူထောင်ရေးအတွက် ငွေကျပ်အသီးသီးနဲ့ ဆိုလာမီးသီးတွေ လှူဒါန်း ခဲ့ပြီးငလျင်ဘေး ဒဏ်ကြောင့် ခါးရိုးကျိုးထိခိုက်ဒဏ်ရာသွားတဲ့ တောင်ကြီးမြို့နယ် အေးသာယာမြို့ ရပ်ကွက် (၆)နေထိုင်သူ အမျိုးသမီး တစ်ဦးအတွက် ကျပ်ငွေ ၁၀သိန်းနဲ့ ဝှီးချဲတစ်စီးကို ကူညီထောက်ပံ့ပေးခဲ့ပါတယ်

တယ်လို့ သိရပါတယ် ။

 

သျှမ်းတောင်က ငလျင်ဒဏ်သင့်ခဲ့တဲ့ ပင်လောင်းမြို့နယ် တောင်လွယ်မောင်းရွာ၊ပင်လောင်းကြီးအရှေ့ရွာ အိမ်ခြေ ၇၈ အိမ်အတွက် တစ်အိမ်လျှင် 500,000 ကျပ်နဲ့ ငွေကျပ်သိန်း ၄၀၀ နီးပါး ကို SSJAC က ထောက်ပံ့ လှူဒါန်း ခဲ့တယ်လို့ သိရပါတယ် ။

 

ဒါ့အပြင်SSJAC အနေနဲ့မန္တလေးပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ဆေးကုသမှုခံယူနေတဲ့ ငလျင်ဒဏ်သင့်လူနာတွေ အတွက် ဆေးနဲ့ ဆေးပစ္စည်းအတွက် သိန်း ၄၀၀ ကျော် လှူဒါန်းပေးအပ်ခဲ့ပြီး ခုတင် ( ၂၀၀ )၊ ပြည်သူ့ဆေးရုံကြီး၊ စစ်ကိုင်းမြို့အတွက် ငလျင်ဘေးဒဏ်သင့်လူနာများအားကုသရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအသုံး ပြုဖို့၆ ပေ × ၈ ပေ ဖိုက်ဘာရေလှောင်ကန် ( ၄ ) ကန် အတွက် တန်ဖိုးငွေ ကျပ် ၁၆၈ သိန်းနဲ့ စစ်ကိုင်းတိုင်းအတွင်းရှိငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် သိန်း ၃၀၀၊ မန္တလေးတိုင်း အမရပူရမြို့နယ်အတွင်းက ဆင်ကာငလျှင်ရှောင်စခန်းအတွက်လိုအပ်တဲ့ ခြင်ထောင် အလုံး ၁၀၀နဲ့မြေပြင် ဆရာဝန် ကျန်းမာရေးဝန်ဆောင်မှုအတွက်ဆေးဝါး ၁၀သိန်းကျပ် ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သိရပါတယ် ။