သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

Scan မဖတ်ဘဲ ရောင်းချတာ၊ စျေးတင်ရောင်းချတာ စတဲ့ စက်သုံးဆီအရောင်းဆိုင် ၁၇ ဆိုင်ကို အရေးယူထား

Scan မဖတ်ဘဲ ရောင်းချတာ၊ စျေးတင်ရောင်းချတာ စတဲ့ စက်သုံးဆီအရောင်းဆိုင် ၁၇ ဆိုင်ကို အရေးယူထား

Hsan Loi Editor
31/03/2026
Share:
စက်သုံးဆီဝယ်ယူသုံစွဲသူတွေထိခိုက် နစ်နာစေတဲ့ ဆိုင်ပိတ်ထားတာ၊ Scan မဖတ်ဘဲ ရောင်းချတာ၊ ဈေးတင်ရောင်းချတာနဲ့ တရားမဝင်ရောင်းချတာတွေကို Call Center မှတဆင့် တိုင်းကြားလာမှု အပေါ် စက်သုံးဆီ အရောင်းဆိုင် ၁၇ ဆိုင်ကို အရေးယူထားတယ်လို့ စစ်ကော်မရှင်က ဒီနေ့ထုတ် သတင်းစာမှာ ဖော်ပြထားပါတယ်။
May be an image of one or more people, scooter, motorcycle, road and street
အရေးယူထားတဲ့ဆိုင်တွေကတော့ နေပြည်တော်၊ပျဉ်းမနားမြို့နယ်ရှိ “TGB” စက်သုံးဆီ အရောင်းဆိုင်၊ ပုဗ္ဗသီရိမြို့နယ်ရှိ “ရွှေပိုး” ဆီဆိုင်၊ “Terminal 001” ဆီဆိုင်၊ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ရှိ “Away” ဆီဆိုင်၊ အမရပူရမြို့နယ်ရှိ “အောင်ဗိုလ်ဟိန်း” ဆီဆိုင်၊ စဉ့်ကိုင်မြို့နယ်ရှိ “စိန်စီအောင်” ဆီဆိုင်၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ “အောင်သန်းကျော်” ၊ “အောင်သိဒ္ဒိ” ၊ “ရွှေခြင်္သေ့”၊ “မိုးကောင်းကင်” ၊ “စွမ်းအင်” ဆီဆိုင်၊ ရန်ကုန်တိုင်း သန်လျင်မြို့နယ်ရှိ “Apex” ဆီဆိုင်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ “BOC” ဆီဆိုင်၊ မော်လမြိုင်မြို့ရှိ “စွမ်းမြန်မာ” နဲ့ “Parent Love- 01” ဆီဆိုင်၊ ကျိုက်မရောမြို့နယ်ရှိ “Puma Power” ဆီဆိုင်၊ ပေါင်မြို့နယ်ရှိ “မင်းသန့်-၉” ဆီဆိုင် စုစုပေါင်း စက်သုံးဆီအရောင်းဆိုင် ၁၇ ဆိုင်ဖြစ်ပါတယ်။
May be an image of car, scooter, motorcycle and crowd
ဒါ့အပြင် Bar Code/ QR Code တွေ Scan မဖတ်ဘဲ ရောင်းချနေတာကို စိစစ်တွေ့ရှိရတဲ့ နေပြည်တော်မှ စက်သုံးဆီအရောင်းဆိုင် ၃ ဆိုင်၊ ရန်ကုန်မှ ၄ ဆိုင်၊ မန္တလေးမှ အရောင်းဆိုင် ၁၀ ဆိုင်နဲ့ တောင်ကြီးမြို့မှ ၇ ဆိုင်တို့ကို ပြင်းထန်စွာ သတိ‌ပေးထားပြီး ညွှန်ကြားချက်တွေ လိုက်နာမှုမရှိဘဲ ထပ်မံစိစစ်တွေ့ရှိရပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ စစ်ကော်မရှင်ရဲ့ စွမ်းအင်ဝန်ကြီးဌာန က ထုတ်ပြန်ထားပါတယ်။