KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

RCSS /SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွတ်စစ်မှ ထိုင်းဘုရင်မင်းမြတ် ဘုရင်မင်းဆက် ၁၀ ပါးမြှောက်က ပေးအပ်လာသော သျှမ်းဘာသာပြန်ပိဋကတ်(၃)ပုံကို လက်ခံရယူခြင်း နှင့် ကထိန် သင်္ကန်းအလှူတော် ကျင်းပ

RCSS /SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွတ်စစ်မှ ထိုင်းဘုရင်မင်းမြတ် ဘုရင်မင်းဆက် ၁၀ ပါးမြှောက်က ပေးအပ်လာသော သျှမ်းဘာသာပြန်ပိဋကတ်(၃)ပုံကို လက်ခံရယူခြင်း နှင့် ကထိန် သင်္ကန်းအလှူတော် ကျင်းပ

Hsan Loi Editor
07/11/2025
Share:
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA ၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွတ်စစ်မှ သျှမ်းဘာသာပြန် ပိဋကတ်ဓမ္မစာပေ ဆက်လက်ပြန့်ပွားစေရန်အတွက် ထိုင်းနိုင်ငံဘုရင်မင်းမြတ် ဘုရင်မင်းဆက် ၁၀ ပါးမြှောက်မှ ပေးအပ်လာသော သျှမ်းဘာသာပြန်ဓမ္မစာပေ ပိဋကတ်(၃)ပုံကို လက်ခံရယူခြင်းနှင့် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားပွဲကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက် ယမန်နေ့က ထိုင်းနိုင်ငံ၊ချင်းရိုင်မြို့ခရိုင်၊ ဝိန်းပါပေါက်မြို့၊ ဝပ်နတ်ကလျာဏထမ်းဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။May be an image of one or more people and text
သျှမ်းဘာသာပြန်ပိဋကတ်စာပေ လက်ခံရယူခြင်း နှင့် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်းအခမ်း အနားပွဲကို အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း မူလနိထိမှ ဦးဆောင်စီစဉ်ခဲ့ပြီး ထိုင်းဘုရင်မင်းဆက် ၁၀ ပါးမြှောက်မှဦးစီးပြု လုပ်ကာ အာဇန်ဆုလထတ်ချဆုလို နှင့် ဝပ်နတ်ကလျာဏထမ်း ကျောင်းထိုင်ဆရာတော် ဖရခူးဆန်ခရဂ်ခိုမ်းဆန်ချနဆာဖိုး(အပြည်ပြည်ဆိုင်ရာ မုလနိထိပိဋကတ်ဓမ္မစာပေ အတိုင်ပင်ခံအဖွဲ့ဝင်) တို့မှ ပိဋကတ်ဘာသာပြန်ခြင်း ဖြစ်မြှောက်လာ ပုံနှင့် ဆက်လက်ပြန့်ရေးအတွက် ဗိုလ်ချုပ်ကြီး ယွတ်စစ်ထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး သျှမ်းဘာသာပြန် အဆိုပါပိဋကတ်စာပေတွေကို သျှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့ရှိ ပိဋကတ်ကျောင်းတွင် ပင့်ဆောင်ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။
May be an image of temple and text
အဆိုပါ ပိဋကတ်စာပေတွေကို ထိုင်းဘာသာကနေ သျှမ်းဘာသာစကား ၉ မျိုးအထိ ဘာသာပြန်ဆိုထားကာ သျှမ်းကြီးနှင့်ယွန်းသျှမ်းကိုတော့ Ajan Phon Khan Phayak Wong ကတာဝန်ဘာသာပြန်ရေးသားခဲ့ပြီး၊ ပိဋကတ်ဓမ္မစာပေ ဘာသာပြန်ဆိုခြင်း၏ အဓိကရည်ရွက်ချက်မှာ သျှမ်းမျိုးနွယ်စုများ ထိုင်း၊ တိုင်းလုံ၊ တိုင်းခန္တီး၊ တိုင်းဖာကေး၊ ယွန်းသျှမ်း၊ လောဝ်း၊ တိုင်းဆစ်ဆောင်ပန်နား တို့အပါအဝင် အဓိပ္ပါယ်ဖွင့်ဆိုခြင်းနှင့်အသံထွက်တူစေရန် ရည်ရွယ်၍ ဘာသာပြန်ဆိုထားခြင်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးဆီသို့ သျှမ်းဘာသာပြန် ပိဋကတ်စာပေများ ဆက်လက်ပြန့်ပွားရေးအတွက် အပြည်ပြည်ဆိုင်ရာ ပိဋကတ်ဓမ္မစာပေ ဘာသာပြန်ရေး မူလနိထိအဖွဲ့၏ကိုယ်စား ဗိုလ်ချုပ်ကြီး ယွတ်စစ်ကို ရွေးချယ်ကာ ဗုဒ္ဓပိဋကတ်ပြန့်ပွားရေးတာဝန်ကို ပေးအပ်လိုက်ကြောင်း သိရသည်။
May be an image of one or more people, temple and text
အဆိုပါပိဋကတ်ဘာသာပြန်ခြင်းလုပ်ငန်းကို ၂၀၁၄ ခုနှစ်ကတည်းက စတင်ဘာသာပြန်ဆိုခဲ့ပြီး ၉ နှစ်ကြာအချိန်ပေးပြီးမှ ထိုင်းဘာသာကနေ သျှမ်းဘာသာသို့ ပြန်ဆိုနိုင်ခဲ့ခြင်းဖြစ်သည်။ သျှမ်းဘာသာသို့ပြန်ဆိုပြီး အုပ်ပေါင်းအရေအတွက် (၄၅)အုပ် နှင့် ပိဋကတ်ဘာသာပြန် အတိုချုပ် (၃) အုပ် စုစုပေါင်း(၄၈) အုပ်ရှိသည်။
May be an image of one or more people and text
ယခင်က ရှိခဲ့သော သျှမ်းပိဋကတ်ဘာသာစာပေ စာအုပ်များသည် မြန်မာ(ဗမာ)မူရင်းကနေတစ်ဆင့် ဘာသာပြန်ယူထားခြင်းဖြစ်ပြီး၊ ယခုအခါတွင် ထိုင်းဘုရင့်နန်းတော်မှဦးဆောင်ကာ ဘာသာပြန်ဆိုထားသော ဗုဒ္ဓပိဋကတ်ဓမ္မစာပေတွေကို လေ့လာထားရှိချက်များမှအရအရင်းခံကာ ဘာသာပြန်ဆိုထားခြင်းဖြစ်ပြီး စာအုပ်အဖြစ် ပုံနှိပ်ထုတ်ကာ Digital Soft Copy နှင့် မျိုးနဲ့လည်း ထားရှိကြောင်း သိရသည် ။