သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွတ်စစ် နှင့်ဒုတိယဥက္ကဋ္ဌ(၂) ဗိုလ်ချုပ် ခေးငင်းတို့ တပ်သားသစ်များအား တွေ့ဆုံအား‌ပေးစကားပြော

RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွတ်စစ် နှင့်ဒုတိယဥက္ကဋ္ဌ(၂) ဗိုလ်ချုပ် ခေးငင်းတို့ တပ်သားသစ်များအား တွေ့ဆုံအား‌ပေးစကားပြော

Hsan Loi Editor
29/03/2025
Share:

 

ပြီးခဲ့တဲ့ မတ်လ၂၆ ရက်နေ့ နံနက်ပိုင်းက RCSS ထိန်း ချုပ်နယ်မြေတစ်ခုမှာ သျှမ်းပြည် ပြန်လည် ထူထောင်ကောင်စီ/သျှမ်းပြည်တပ်မတော်(RCSS/SSA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွတ်စစ် နှင့် ဒုတိယဥက္ကဋ္ဌ(၂) ဗိုလ်ချုပ် ခေးငင်းတို့က အမှတ်စဉ်(၂၅) အပတ်စဉ်(၁) အခြေခံစစ်ပညာသင်တန်းတက်ရောက်‌နေတဲ့ တပ်သားသစ်များကို သွားရောက်တွေ့ဆုံအားပေးစကားပြောခဲ့တယ်လို့ သိရပါတယ်။

 

တွေ့ဆုံပွဲမှာ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွတ်စစ် နှင့် ဒုဥက္ကဋ္ဌ(၂) ဗိုလ်ချုပ် ခေးငင်း တို့က စစ်ရေးအသိ၊ နိုင်ငံ ရေးအသိ၊ တိုက်ခိုက်ရေးပညာ၊ ခုခံကာကွယ် ခြင်းနည်းပညာ၊ စစ်စည်းမျဉ်းစည်းကမ်းဥပဒေများ၊ တပ်သားတစ်ယောက်၏ ရှိသင့်ရှိထိုက်သောအသိနှင့်စစ်ယဉ်ကျေးမှုများ အသိပေးပြောကြားပြီး အချင်း ချင်း ချစ်ခင်ကြရန် မှာကြားသွားပါတယ်။

 

အမှတ်စဉ်(၂၅) အပတ်စဉ်(၁) အခြေခံစစ်ပညာသင်တန်း တက်ရောက်‌နေတဲ့ တပ်သားသစ်(၃၀၀)ခန့် ရှိတယ်လို့ သိရပါတယ်။

 

Photo – Tai Freedom