သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

RCSS/SSA ရဲ့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ လုပ်ငန်းအစည်းအဝေးပြုလုပ်ပြီး မူးယစ်ဆေးဝါးနှင့် သယံဇာတ ထိန်းသိမ်းရေးဆိုင်ရာ စည်းကမ်းချက်များ ထုတ်ပြန်

RCSS/SSA ရဲ့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ လုပ်ငန်းအစည်းအဝေးပြုလုပ်ပြီး မူးယစ်ဆေးဝါးနှင့် သယံဇာတ ထိန်းသိမ်းရေးဆိုင်ရာ စည်းကမ်းချက်များ ထုတ်ပြန်

Hsan Loi Editor
29/03/2026
Share:
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA) ရဲ့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၆) ကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က သျှမ်းပြည်နယ် တောင်ပိုင်း၊ နမ့်စန်မြို့နယ် အတွင်းရှိ RCSS ထိန်းချုပ်နယ်မြေ ‘ပန်တီး’ စခန်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
May be an image of one or more people and text
ဒီအစည်းအဝေးကို ပြည်တွင်းအုပ်ချုပ်ရေးဌာနနဲ့ နယ်မြေခံတပ်ရင်းများ ပူးပေါင်းစီစဉ်တာဖြစ်ပြီး စီးပွားရေးဌာန၊ စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၊ နယ်မြေခံအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိ သူများ စုစုပေါင်း(၁၅၈)ဦး တက်ရောက်ခဲ့ကြပါတယ်။May be an image of text
အစည်းအဝေးမှာ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်တွင်းအုပ်ချုပ်ရေးဌာနရဲ့ ဖွဲ့စည်းပုံများ၊ အုပ်ချုပ်ရေးနယ်မြေအတွင်းရှိ လူဦးရေနဲ့ အိမ်အကြောင်း အရာ သန်းခေါင်စာရင်း၊ ဘာသာရေး အဆောက် အဦးဆိုင်ရာ အချက်အလက်များကောက်ယူခြင်း လုပ်ငန်းတာဝန်တွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး စိုင်းစိုင်းငင်း က ဒေသန္တရအုပ်ချုပ်ရေး ယန္တရားအတွင်းရှိဌာန အသီးသီးရဲ့ လုပ်ငန်း တာဝန်တွေကို ရှင်းလင်းတင်ပြခဲ့ပါတယ်။
May be an image of one or more people and text
အဲ့ဒီနောက် ဗိုလ်ချုပ်ကြီးယွက်စစ်က ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး လမ်းညွှန်ချက်များ ချမှတ်ခဲ့ရာမှာ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေးနဲ့ ဈေးကွက်မြှင့်တင်ရေး ကဏ္ဍတွေ ပါဝင်တယ်လို့ သိရပါတယ်။
May be an image of one or more people and text
အထူးသဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေကို ပြင်းထန်စွာ အရေးယူမယ့်အပြင် သစ်တောများ ခုတ်ထွင်ပြီး တောင်ယာလုပ်ငန်းလုပ်တာ၊ ငါးဖမ်းရာမှာ အဆိပ်ခတ်တာ/မိုင်းခွဲ ဖမ်းဆီးတာတွေကိုလည်း တင်းကျပ်စွာ တားမြစ်လိုက်တယ်လို့ သိရပါတယ်။
မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ဖမ်းဆီးရမိသူတွေကို ဆေးဖြတ်ကုသပေးကာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ပေးပြီးနောက် အမျိုးသားအနေဖြင့် (၁၅) နှစ်၊ အမျိုးသမီး (၆)နှစ်ကြာ အမျိုးသားရေး တာဝန်တွေကို ထမ်းဆောင်စေခိုင်းမှာ ဖြစ်သလို၊ မူးယစ်ဆေးဝါး ရောင်းချသူတွေကိုတော့ ထောင်ဒဏ် ချမှတ်မယ့်အပြင် အမျိုးသားရေး တာဝန်ထမ်းဆောင်ရမယ့် နှစ်အရေအတွက်ကိုလည်း အဖွဲ့အစည်းမှ ထပ်မံအတည်ပြု ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အစည်းအဝေးအပြီးမှာတော့ နယ်မြေအသီးသီးက တာဝန်ရှိသူတွေရဲ့ တင်ပြချက်များအပေါ် အခြေခံပြီး ဆုံးဖြတ်ချက် (၁၀) ချက်၊ မှတ်တမ်း(၇)ချက်နဲ့ အတည်ပြုချက်(၂)ချက် တို့ကို ချမှတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Source&Photos – Taifreedom