ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
မကြာခင်အချိန်အတွင်း ၂၀၂၃ ခုနှစ် နှစ်သစ်ထဲကို ရောက်ရှိတော့မှာဖြစ်တယ်။
အချိန်ဆိုတာ တန်ဖိုးဖြတ်လို့မရတဲ့အရာတစ်ခုဖြစ်တဲ့အတွက် အချိန်ကို တန်ဖိုးထားပြီး ကျနော်တို့ ရည်မှန်းချက်ပန်းတိုင်ကို လျောက်လှမ်းရမှာဖြစ်တယ်။ ကျန်းမာရေးဟာလည်း အဓိကအရေးကြီးတဲ့ ကဏ္ဍတစ်ခုဖြစ်တဲ့အတွက် ပြည်သူလူထုအားလုံးကျန်းမာရေးကိုလည်း အထူးဂရုစိုက်ကြစေလိုပါတယ်။
အဲ့ဒါကြောင့် နှစ်သစ်ကစပြီး ပြည်သူလူထုအားလုံး မိမိတို့ကျန်းမာရေးကို အထူးဂရုပြုကြပါ။ နေ့စဉ်ဖြစ်ပျက်နေတဲ့ ကမ္ဘာ့သတင်းများအပြင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စစ်ရေးတို့ကို အမြဲတမ်းနားစွင့်ထားပါ။ ယနေ့ကမ္ဘာတွင် ဖြစ်ပျက်နေသည်များနှင့် မိမိပတ်ဝန်းကျင်အခြေအနေကို လေ့လာသုံးသပ်ပြီး သင်ယူလေ့လာပါ။
ခေါင်းဆောင်မှုနှင့် အာဏာပါဝါ ကို နားလည်မှု လွဲမှားစွာ အသုံးပြုခြင်းကြောင့် ကျနော်တို့ တော်လှန်ရေးရေချိန်လည်း (၆၄) နှစ်တိုင်ခဲ့ရပြီ။ အဓိကရန်သူက ဘယ်သူလဲဆိုတာ မေ့လျှော့နေပြီး အချင်းချင်း နားလည်မှု လွဲမှားနေကြခြင်းကြောင့်လည်း ကျနော်တို့တတွေ အောင်မြင်မှု မရနိုင်ပါ။
အဲ့ဒါကြောင့် ၂၀၂၃ ခုနှစ်က စတင်ပြီး အနေအထားများစွာ ပြောင်းလဲနိုင်တာကြောင့် ကျနော်တို့ ပြည်သူလူထုနှင့် တော်လှန်ရေးခေါင်းဆောင်များ၊ တာဝန်ရှိသူများအားလုံး တစ်သွေးတစ်သားတည်း ရှိနေဖို့လိုအပ်သလို ရရှိလာသည့် အခွင့်အရေးကို အမိအရ ဖမ်းဆုတ်နိုင်ဖို့ လိုအပ်ပါတယ်။ မဟုတ်ရင် ကျနော်တို့ နေထိုင်နေတဲ့ အမိမြေလည်း ပျောက်ကွယ်သွားနိုင်သလို သျှမ်းပြည်ဆိုတာလည်း နာမည်သာ ကျန်ရှိပါလိမ့်မယ်။
ပညာရှိပေမယ့် ပြည်သူလူထု အကျိုးပြုလုပ်ငန်းများ မဆောင်ရွက်နိုင်ရင် ပညာမဲ့အလားပါပဲ။ တတ်သိပေမယ့် ဘာမှမလုပ်ရင် ဘာမှဖြစ်လာမှမဟုတ်ပါဘူး။ အလုပ်ထက် အပြောကိုသာရှိရင်တော့ ရန်သူပိုတိုးလာစေပြီး ကျဆုံးစေပါလိမ့်မယ်။
ဒါကတော့ Tai freedom Facebook Page မှ တင်ထားသော ဗိုလ်ချုပ်ကြီးယွက်စစ်မှ ပြည်သူလူထုအတွက် နှစ်သစ်ဆုတောင်းစကားထဲက အချို့ကို ထုတ်နုတ်ဖော်ပြခြင်းဖြစ်သည်။
#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/