ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

RCSS/SSA အုပ်‌ချုပ်ရေးနယ်မြေရှိ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကား သုံးစွဲသူများ စစ်ဆေးတွေ့ရှိမိပါက (၁၅)နှစ် စစ်မှုထမ်းရမည်ဟုဆို 

RCSS/SSA အုပ်‌ချုပ်ရေးနယ်မြေရှိ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကား သုံးစွဲသူများ စစ်ဆေးတွေ့ရှိမိပါက (၁၅)နှစ် စစ်မှုထမ်းရမည်ဟုဆို 

Hsan Loi Editor
27/06/2024
Share:

 

RCSS/SSA အုပ်‌ချုပ်ရေးနယ်မြေရှိ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကား သုံးစွဲသူများ စစ်ဆေးတွေ့ရှိမိပါက (၁၅)နှစ် စစ်မှုထမ်းရမည်ဟု ယနေ့ ဇွန်(၂၆) ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲ သုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို RCSS/SSAမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသွားကြောင်းသိရပါသည်။

 

အဆိုပါ အခမ်းအနားကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA)မှ ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်ရှိ RCSS ၏ အုပ်ချုပ်ရေး နယ်မြေ (၄)မှာ ကျင်းပပြုလုပ်ခဲ့ပါသည်။

 

အခမ်းအနားသို့ RCSS (ဗဟို)မှ ထုတ်ပြန်လိုက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့နှင့်ပတ်သက် ၍ ကြေညာချက် ဖတ်ကြားတင်ပြခြင်း၊မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် ပြဿနာများ၊ လူငယ်လူရွယ်များ မူးယစ်ဆေးဝါးကို ရှောင်ရှားကြရန် တာဝန်ရှိသူ အသီးသီးက ရှင်းလင်းတိုက်တွန်းသွားကြောင်း သိရသည်။

 

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားသို့ RCSS ၏ နယ်မြေ(၄)၊နယ်မြေ(၅) မှ တပ်သားများနှင့်ဒေသခံပြည်သူများ အင်အား(၂၇၀၀)ဦး တက်ရောက်ကြောင်း သိရှိရပါသည်။