နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

RCSS/SSA အား ထိုးစစ်ဆင်တိုက်ခိုက်မှု အပစ်ရပ်စဲရန် SSPP/SSA မှ ၎င်းရဲ့ လက်အောက်ခံတပ်များသို့ အမိန့်စာထုတ်ပြန်ကြေငြာ

RCSS/SSA အား ထိုးစစ်ဆင်တိုက်ခိုက်မှု အပစ်ရပ်စဲရန် SSPP/SSA မှ ၎င်းရဲ့ လက်အောက်ခံတပ်များသို့ အမိန့်စာထုတ်ပြန်ကြေငြာ

Hsan Loi Editor
18/05/2025
Share:

 

ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့က RCSS/SSA ဘက်မှ ၎င်းရဲ့ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေအားလုံး အနေနဲ့ SSPP/SSA အား (၁၀)ရက်အတွင်း ထိုးစစ်ဆင်တိုက်ခိုက်မှု အပစ်ရပ်စဲရန် အမိန့်စာထုတ်ပြန် တာကို ကြိုဆိုတဲ့အနေနဲ့ SSPP/SSA ဘက်မှလည်း ၎င်းလက်အောက်ခံတပ်များအားလုံး RCSS/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှု ရပ်စဲရန် အမိန့်ကြေညာစာထုတ်ပြန်လာပါတယ်။

 

မေလ ၁၆ ရက်မှ ၂၅ ရက်နေ့အထိ အပစ်ရပ်စဲရန် အမိန့်ကြေညာစာထုတ်ပြန်ထားတဲ့ကာလအတွင်း နှစ်ဖက်တပ်ရင်း တပ်ဖွဲ့တွေအနေနဲ့ ရောက်နေတဲ့ နေရာမှာ စစ်ရေးလှုပ်ရှားမှုတွေ ရပ်နားထားရမှာဖြစ် တယ်လို့ အမိန့်ကြေညာစာမှာ ဖော်ပြထားပါတယ်။

 

“ သျှမ်းတပ် နှစ်တပ်ပေါင်းစည်းဖို့ ကျွန်တော်တို့ သျှမ်းပြည်သူတွေ မျှော်မှန်းနေတာကြာပါပြီ၊ သျှမ်းတပ်အချင်းချင်း အရင်ကတည်းက ပူးပေါင်းသင့်တာ၊ ဘာဘဲဖြစ်ဖြစ် အခုလို နှစ်ဖက်အပစ်ရပ် ကြေညာတာ ပြည်သူတစ်ယောက်အနေနဲ့ ဝမ်းသာပါတယ်၊ နှစ်ဖက်ခေါင်းဆောင်များလည်း တွေ့ဆုံဆွေးနွေးမှု အောင်မြင်ပါစေ” လို့ ပြည်သူတစ်ဦးက ပြောပါတယ်။

 

မေလ ၂၁ ရက်နေ့မှာ ကျရောက်မယ့် ၆၈ နှစ်မြောက် သျှမ်းတော်လှန်ရေးနေ့မှာ RCSS ဥက္ကဋ္ဌ က ဒေသခံ တိုင်းရင်းသားပြည်သူလူထုနဲ့ တွေ့ဆုံဆွေးနွေးရေး အစီအစဥ်နဲ့ သျှမ်းလက်နက်ကိုင်တပ် နှစ်ခုအကြား တွေ့ဆုံဆွေးနွေးနိုင်ရန်ဆိုပြီး RCSS ဘက်မှ ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့က SSPP နဲ့ ၁၀ ရက်တာ အပစ် ရပ်စဲရန် အမိန့်ကြေညာစာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။