ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

RCSS/SSA အဖွဲ့၏ တာဝန်ရှိသူများနှင့် လီဆူတိုင်းရင်းသားလူမျိုးစုများ ရင်းနှီးစွာ တွေ့ဆုံ

RCSS/SSA အဖွဲ့၏ တာဝန်ရှိသူများနှင့် လီဆူတိုင်းရင်းသားလူမျိုးစုများ ရင်းနှီးစွာ တွေ့ဆုံ

Hsan Loi Editor
26/01/2023
Share:

 

ရှိနှင့်ပြီးသား ရင်းနှီးချစ်ခင်မှုကို ရေရှည်တည်တံ့ရန်ရည်ရွယ်ပြီး RCSS/SSA တာဝန်ရှိသူများနှင့် လီဆူတိုင်းရင်းသားလူမျိုးစုများသည် ဇန်နဝါရီလ (၂၅)ရက်နေ့ မိုင်းပန်မြို့နယ် တစ်နေရာတွင် ရင်းနှီးစွာ တွေ့ဆုံနူတ်ဆက်ခဲ့ကြောင်း သိရသည်။

 

မိုင်းပန်မြို့နယ် (၉) မိုင်ရွာ၊ (၃) မိုင်ရွာ၊ ဝိုးလိုင်းကျေးရွာအုပ်စု နောင်တောဝ်းရွာ စသည့်ကျေးရွာများမှ တိုင်းရင်းသားလူမျိုးစုများသည် နယ်မြေအတွင်း RCSS/SSA တာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီး လာရောက်တွေ့ဆုံနူတ်ဆက်သလို ထုံးတမ်းစဉ်လာအတိုင်း ရိုးရာမုန့်ပဲသရေစာများဖြင့်လည်း လာရောက်ကန်တော့ခဲ့ကြသည်။

 

“ကျနော်တို့ ဒေသမှာရှိတဲ့ အုပ်ချုပ်ရေးပိုင်းတာဝန်ရှိလူကြီးတွေ လာရောက်တွေ့ဆုံကန်တော့ ရတဲ့ရည်ရွယ်ချက် (၃) ချက်ကတော့ ၁။ ကျနော်တို့ရိုးရာထုံးတမ်းအစဉ်အလာအရရော ပြီးတော့ အရင်ကလည်း ဒီလိုတွေ့ဆုံနူတ်ဆက်နေကြဖြစ်လို့ပါ ၂။ အချက်ကတော့ မကြာခင်မှာ လီဆူနှစ်သစ်ကူးကို ရောက်ရှိတော့မှာဖြစ်တဲ့အတွက် မီးဆူးခံခြင်းလည်းဖြစ်တယ် ၃။ အချက်ကတော့ ကျနော်တို့ လီဆူ နှစ်သစ်ကူးပွဲတော်ကို လာရောက်ပါဝင်ပေးဖို့ ဖိတ်ခေါ်ခြင်းလည်းဖြစ်ပါတယ်။” ဟု လီဆူကျေးရွာလူကြီးတစ်ဦးက Tai Freedom ကို ပြောပြပါသည်။

 

“လီဆူတိုင်းရင်းသားလူမျိုးစုများ ဒီလိုစုဝေးပြီး ကျနော်တို့ကိုလာရောက်လည်ပတ် တွေ့ဆုံနူတ်ဆက်တဲ့အတွက် အထူးဝမ်းသာကျေနပ်ရပါတယ်။ ဒီလိုမီးဆူးခံထွက်လာတာလည်း ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းရာလည်း ရောက်သလို ကျနော်တို့လည်း တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေတယ်။ သျှမ်းတိုင်းရင်းသားတွေအနေနဲ့လည်း ညီအကိုရင်းပမာ လီဆူနှစ်သစ်ကူးမှာ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းလိုတယ်။ ကျနော်တို့လည်းတတ်နိုင်တဲ့ဘက်ကပါဝင်ကူညီပါမယ်။ ပြီးတော့ မိမိတို့ ရိုးရာနှင့် စာပေကို ဆက်လက်ထိန်းသိမ်းကြဖို့လည်း အရေးကြီးတယ်လို့ လီဆူတိုင်းရင်းသားလူမျိုးစုများကို ပြောကြားလိုတယ်။” ဟု RCSS/SSA နယ်မြေခံ တာဝန်ရှိသူတစ်ဦးကလည်း ပြောကြားခဲ့သည်။

 

ထို့နောက် RCSS/SSA နယ်မြေခံတာဝန်ရှိသူများနှင့် လီဆူတိုင်းရင်းသားများ စုပေါင်းညစာအတူစားသောက်ခဲ့ကြကြောင်း သိရသည်။

credit & Tai freedom