သျှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် တစ်နေရာတွင် စစ်ပညာသင်တန်း တက်ရောက်သင်ကြားနေသော တပ်သားသစ်များအား ယနေ့ (၃၀.၃.၂၀၂၄) ရက်နေ့ နံနက်ပိုင်း၌ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ်က အားပေးစကားနှင့် အဖွဲ့အစည်း၏ ရပ်တည်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
အဲ့ဒီနောက် မွန်းလွဲပိုင်းတွင် နမ့်စန်မြို့နယ် ဒေသခံမိဘပြည်သူများအား ဆက်လက်တွေ့ဆုံခဲ့ပြီး လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေနှင့် အဖွဲ့အစည်း၏ ပေါ်လစီအား ဆွေးနွေးပြောပြခဲ့ကြောင်း သိရသည်။

credit & Tai freedom