တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော 

RCSS ရဲ့ စတုတ္ထအကြိမ်မြောက် ကောင်စီကွန်ဂရက် ကျင်းပပြီး ဗိုလ်ချုပ်ကြီး ယွက်စစ် အား ဥက္ကဋ္ဌ အဖြစ် ပြန်လည်ရွေးချယ်တင်မြောက်

RCSS ရဲ့ စတုတ္ထအကြိမ်မြောက် ကောင်စီကွန်ဂရက် ကျင်းပပြီး ဗိုလ်ချုပ်ကြီး ယွက်စစ် အား ဥက္ကဋ္ဌ အဖြစ် ပြန်လည်ရွေးချယ်တင်မြောက်

Hsan Loi Editor
23/02/2026
Share:
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ရဲ့ စတုတ္တအကြိမ်မြောက် ကောင်စီကွန်ဂရက်မှာ တက်ရောက်တဲ့ ပုဂ္ဂိုလ်တွေက ဗိုလ်ချုပ်ကြီး ယွက်စစ် အား ဥက္ကဋ္ဌအဖြစ် တညီတညွတ်တည်း ပြန်လည် ရွေးချယ်တင်မြောက်ခဲ့တယ်လို့ RCSS က ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီရဲ့ (၂၆)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးနဲ့ စတုတ္တ အကြိမ်မြောက် ကောင်စီကွန်ဂရက်ကို RCSS ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်းမှာ ဖေဖော်ဝါရီလ ၁၆ ရက် နေ့မှ ၁၈ ရက်နေ့အထိ ၃ ရက်သာ ကျင်းပသွားခဲ့တာဖြစ်ပါတယ်။
အဲ့ဒီကောင်စီကွန်ဂရက်မှာ ဥက္ကဋ္ဌနဲ့ အကြံပေးအဖွဲ့ဝင် ၂ ဦး၊ ပေါ်လစီကြီးကြပ်ရေးကော်မတီ၊ ဗဟိုအလုပ် အမှုဆောင်ကော်မတီ၊ ဌာနအသီးသီးရဲ့ ဌာနမှူးတွေကို ရွေးချယ်အတည်ပြုပေးနိုင်ခဲ့ပြီး လာမယ့် ၄ နှစ်တာ ရှေ့လုပ်ငန်းစဥ်များကိုလည်း ချမှတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
RCSS အဖွဲ့အစည်းဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်အပေါ် ရပ်တည်ပြီး နိုင်ငံရေးပြဿနာများကို ဆွေးနွေး ခြင်း နည်းလမ်းနဲ့ အခြားအဖွဲ့အစည်းများ၊ အဖက်ဖက်တို့နဲ့ တွေ့ဆုံညှိနှိုင်းဖြေရှင်းသွားမယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ပထမအကြိမ် သျှမ်းပြည်အမျိုးသားညီလာခံမှ အတည်ပြုခဲ့တဲ့ သျှမ်းပြည်ဖက်ဒရယ်အခြေခံမူ ၃၃ ချက်၊ အခြေခံအခွင့်အရေး ၃၈ ချက်တို့ကိုလည်း ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်သလို စစ်ဘေးဒဏ်ခံ ပြည်သူများ နေထိုင်ရန် အိမ်ရာများကို အဖွဲ့အစည်းမှ ကူညီဆောက်လုပ် ပေးမယ်လို့ ဆိုပါတယ်။
RCSS အဖွဲ့အစည်းရဲ့ ပေါ်လစီနဲ့အညီ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများလည်း ဆက်လက် ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၃ ရက်သာ ကျင်းပတဲ့ အစည်းအဝေးမှာ အကြံပေးအဖွဲ့ဝင်များ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ၊ ဗဟိုဦးစီးကော်မတီဝင်များ၊ ဗဟိုကော်မတီဝင်များနဲ့ ဌာနအသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ စုစုပေါင်း ၂၁၇ ဦး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။