ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

RCSS ဦးဆောင်ကျင်းပရန် စီစဥ်ထားသည့် မိုင်းပန်မြို့နယ် သျှမ်းပြည်အမျိုးသားနေ့ပွဲတော် အခင်းအကျင်းသို့ စစ်ကောင်စီဘက်က အင်အားဖြည့်တင်းမှုပြုလုပ်ဟုဆို

RCSS ဦးဆောင်ကျင်းပရန် စီစဥ်ထားသည့် မိုင်းပန်မြို့နယ် သျှမ်းပြည်အမျိုးသားနေ့ပွဲတော် အခင်းအကျင်းသို့ စစ်ကောင်စီဘက်က အင်အားဖြည့်တင်းမှုပြုလုပ်ဟုဆို

Hsan Loi Editor
20/01/2023
Share:

 

RCSS နှင့် မိုင်းပန်ဒေသခံများ ပူးပေါင်းပြင်ဆင်ထားသည့် သျှမ်းပြည်အမျိုးသားနေ့ပွဲတော်ကျင်းပမည့် နေရာသို့ စစ်ကောင်စီဘက်က ယမန်နေ့က အင်အား ဖြည့်တင်းခဲ့သည်ဟု သိရသည်။

သျှမ်းပြည်အမျိုးသားနေ့ပွဲတော်ကို သျှမ်းပြည်နယ်၊ မိုင်းပန်မြို့နယ် ဧရိယာပြင်ပတွင် ကျင်းပပြုလုပ်ရန် စီစဥ်နေဆဲဖြစ်သည်ဟု သိရပါသည်။

စစ်ကောင်စီတိုင်းမှူးအဆင့်ရှိသူက နေပြည်တော် NSPNC ထံသို့ ခွင့်တောင်းရန် RCSS ဆက်ဆံရေးရုံးထံ အသိပေးအကြောင်းအကြားခဲ့သည်ဟု သိရသည်။

“မိုင်းပန်မှာလုပ်မယ့် သျှမ်းပြည်အမျိုးသားနေ့ပွဲအတွက် စစ်ကောင်စီနဲ့ညှိပြီးမှလုပ်ရမယ်ဆိုတော့ RCSS အနေနှင့် ဝင်မပါတော့ဘူး” ဟု Tai Freedom သျှမ်း စာမျက်နှာက ယနေ့ ဖော်ပြထားပါသည်။

ယင်းကြောင့် RCSS က မိုင်းပန်မြို့နယ် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်ရန် စီစဥ်ထားသည့် သျှမ်းပြည်အမျိုးသားနေ့ပွဲတော်ကို မပါဝင်တော့ဘဲ ဌာနချုပ်ရှိရာ လွိုင်တိုင်းလျန်း၌သာ ကျင်းပပြုလုပ်သွားရန် ရှိသည်ဟု သိရသည်။

၂၀၂၀ ခုနှစ် RCSS ဌာနချုပ်တွင် ကျင်းပပြုလုပ်သည့် သျှမ်းပြည်အမျိုးသားနေ့ပွဲသို့ စစ်တပ်ဘက်မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း တက်ရောက်ခဲ့ဖူးသည်။