ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် က နမ့်စန်မြို့နယ် ဝမ်နောင်အုစ်စုမှ ဒေသခံတိုင်းရင်းသားပြည်သူများနဲ့တွေ့ဆုံ

RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် က နမ့်စန်မြို့နယ် ဝမ်နောင်အုစ်စုမှ ဒေသခံတိုင်းရင်းသားပြည်သူများနဲ့တွေ့ဆုံ

Hsan Loi Editor
20/03/2025
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ‌ဝမ်နောင်အုပ်စု၊ကုန်းသာရွာမှ ဒေသခံတိုင်းရင်းသားပြည်သူများကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ယနေ့ မတ်လ ၁၉ရက် မွန်းလွဲပိုင်းအချိန်မှာ အဆိုပါကျေးရွာရှိ မွေတော်တိလုံ‌စေတီ ပရဝဏ်အတွင်းမှာ တွေ့ဆုံခဲ့ပါတယ်။

 

တွေ့ဆုံစဉ် RCSS တပ်၏ ပေါ်လစီ၊ ဒေသန္တရအုပ်ချုပ်ရေး ဖော်ဆောင်နေသည့် အခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

 

နမ့်စန်မြို့နယ်၊ ဝမ်နောင်အုပ်စု၊ ကုန်းသာရွာမှ မွေတော်တိလုံစေတီရှိ ဓမ္မာရုံသစ် ရေစက်သွန်းချ အမျှဝေအခမ်းအနားတက်ရောက်ပြီး ဒေသခံတိုင်းရင်းသားပြည်သူနဲ့ တွေ့ဆုံတာပဲဖြစ်ပါတယ်။

 

တွေ့ဆုံပွဲမှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်၊ စစ်ဦးစီးချုပ်၊ ဒုတိယဥက္ကဋ္ဌ(၂) ဗိုလ်ချုပ် ခေးငင်း အပါအဝင် အရာရှိ၊ အရာခံများ၊သံဃာတော်အရှင်သူမြတ်များနဲ့ ဒေသခံပြည်သူများတက်ရောက်တယ်လို့ သိရပါတယ်။