ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ဖေဖော်ဝါရီလ ၃ ရက်နေ့ ၄ နာရီခန့်တွင် RCSS အဖွဲ့က သျှမ်းပြည် တာချီလိတ်မြို့နယ် ဟိုင်းနေရှိ မူးယစ်ဆေးဝါးထုတ်လုပ်သည့်နေရာတခုကို ဝင်ရောက်စီးနှင်းရာ စိတ်ကြွဆေးပြား ၄ သန်း နှင့် အိုက်စ် ၈၄ ဂရမ်ဖမ်းဆီးရမိခဲ့သည်။
ယင်းစိတ်ကြွဆေးပြားထုတ်လုပ်သည့်နေရာသည် သျှမ်းပြည် တာချီလိတ်မြို့နယ် လွယ်ဖာဒန်း ဟွေ့ကပ်၊ ဟိုင်းနေဒေသအတွင်း၌ ဖြစ်သည်။
RCSS တပ်ဖွဲ့ဝင် အင်အား ၁၀၀ နီးပါးဖြင့် ဝင်ရောက်စီးနင်းခဲ့ရာ မူးယစ်ဆေးဝါးများနှင့်အတူ လားဟူအမျိုးသား ၁၅ ဦးကို ဖမ်းဆီးရမိခဲ့သည်။
ပီနှံအိတ်များဖြင့်အသင့်ထုတ်ပိုးထားသော စိတ်ကြွဆေးပြား ၃,၈၈၄,၀၀၀ (၃.၈ သန်း)၊ မထုပ်ပိုးရသေးသော စိတ်ကြွဆေးပြား ၆ သိန်း၊ စိတ်ကြွဆေးပြားပြုလုပ်ရန် ဆေးမူန့် ၂၅၀၀ ဂရမ်၊ အိုက်စ် ၈၄ ကီလိုဂရမ်၊ ကားဖေးအင်း ၁ ကီလိုဂရမ်၊ စိတ်ကြွဆေးပြားထုတ်လုပ်သည့် စက် ၂ လုံးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြားများနှင့် ဆက်စပ်ပစ္စည်းများကို လွယ်ကော်ဝမ်းစစ်ဒေသသို့ သယ်ဆောင်သွားခဲ့ပြီး ဧပြီလ ၂၆ ရက်နေ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့တွင် မီးရိူ့ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။