သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

PSLF/TNLA အုပ်ချုပ်နယ်မြေအတွင်း သွင်းကုန်/ပို့ကုန်များအပေါ် အခွန်ကင်းလွတ်ခွင့်ပြု

PSLF/TNLA အုပ်ချုပ်နယ်မြေအတွင်း သွင်းကုန်/ပို့ကုန်များအပေါ် အခွန်ကင်းလွတ်ခွင့်ပြု

Hsan Loi Editor
06/11/2024
Share:

 

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)၏ အကောက်ခွန်ဌာနမှ TNLA ထိန်းချုပ်နယ်‌ မြေအတွင်းရှိ ဒေသခံပြည်သူလူထုများ၏ အခက်အခဲများကိုဖြေရှင်းနိုင်ရန် ပလောင်ဒေသအတွင်းသို့ တင်သွင်းလာသည့် သွင်းကုန်/ပို့ကုန်အပေါ် ခွန်ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း ယနေ့ နိုဝင်ဘာလ(၅)ရက်နေ့တွင် TNLA က အသိပေးထုတ်ပြန်‌ကြေညာထားသည်။

 

မန္တလေးတိုင်းမှ ပလောင်ဒေသအတွင်းသို့တင်သွင်းလာသည့် သွင်းကုန်များဖြစ်သည့် စားသောက် ကုန်ပစ္စည်းများ၊ စက်သုံးဆီအမျိုးမျိုး၊ အိမ်သုံးကုန် ပစ္စည်းများနှင့် ဒေသတွင်း အချင်းချင်း ကူသန်းရောင်းဝယ်မှုနှင့် သွင်းကုန်/ပို့ကုန်အပေါ် အခွန် ကောက်ခံမည် မဟုတ်ကြောင်းနှင့် ဒေသခံပြည်သူလူထုများအပေါ် အခွန်ကင်းလွတ်ခွင့်ပေးသွားမည်ဖြစ်သည်ဟု သိရသည်။

 

သို့သော် PSLF/TNLA၏ အကောက်ခွန်ဌာနမှ အခွန်ကောက်ခံမည့် ကုန်ပစ္စည်းများနှင့် ပတ်သက်ပြီး ပလောင်ဒေသနှင့် တရုတ်ပြည်အကြား သွင်းကုန်/ပို့ကုန်ကုန်ပစ္စည်းများ နှင့် ပလောင်ဒေသမှ မန္တလေး တိုင်း သို့ တင်ပို့သည့်ကုန်ပစ္စည်းများကိုမူ အခွန် ကောက်ခံ သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။