သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

PNO ပြည်သူ့စစ်က ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာအတွင်း ဝင်ရောက်မီးရှို့ပြီး နေအိမ်(၈)လုံး မီးလောင်ပျက်စီး ပြီး ရွာသား(၃)ဦးကို ပစ်သတ်ကာ (၁ဝ)ဦးထက်မနည်း ဖမ်းဆီးခေါ်ဆောင်သွား

PNO ပြည်သူ့စစ်က ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာအတွင်း ဝင်ရောက်မီးရှို့ပြီး နေအိမ်(၈)လုံး မီးလောင်ပျက်စီး ပြီး ရွာသား(၃)ဦးကို ပစ်သတ်ကာ (၁ဝ)ဦးထက်မနည်း ဖမ်းဆီးခေါ်ဆောင်သွား

Hsan Loi Editor
07/07/2024
Share:

 

သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာမှာ ယမန်နေ့ ဇူလိုင်(၆)ရက် နံနက်ပိုင်းအချိန်တွင် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က နားခိုက်ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီး နေအိမ်(၈)လုံးထက်မနည်း မီးရှို့ဖျက်ဆီးပြီး နားခိုက်ကျေးရွာ ဒေသခံ(၃)ဦးကို ရွာလယ်ခေါင်တွင် ပစ်သတ်ကာ (၁ဝ)ဦးထက်မနည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း PNLA သတင်းရင်းမြစ်မှ သိရသည်။

 

အဆိုပါ နားခိုက်ကျေးရွာသည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) စစ်ဦးစီးချုပ်၏ ဇာတိကျေးရွာြဖစ်ပြီး ပြီးခဲ့သည့် ဧပြီလ(၂၁)ရက်နေ့ကလည်း PNO ပြည်သူ့စစ်များက PNLA စစ်ဦးစီးချုပ်မိသားစုပိုင် နေအိမ်အပါအဝင် နေအိမ် (၇)လုံး ကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သလို ယခုအကြိမ်သည် PNO ပြည်သူ့စစ်က နားခိုက်ကျေးရွာကို ဒုတိယအကြိမ်ဝင်ရောက် မီးရှို့ဖျက်ဆီးကြောင်း သိရသည်။

 

နားခိုက်ကျေးရွာရှိ ဒေသခံပြည်သူများကို တော်လှန်ရေး အားပေးထောက်ခံသည်ဟုဆိုကာ PNO ပြည်သူ့စစ်များက စွပ်စွဲပြောဆိုပြီး ဒေသခံ(၃)ဦးကို ပစ်သတ်ခဲ့ကြောင်း သိရှိရပါသည်။