ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

PNO ခေါင်းဆောင် ဦးအောင်ခမ်းထီ တည်ထားသည့်စေတီ ထီးတင်ပွဲကျင်းပပြုလုပ်ရန် ဟုဆိုကာ ကျောက်တလုံးကြီးမြို့နယ်၌ တစ်အိမ် (၅၀၀၀) ကျပ် ကောက်ခံနေဟုဆို

PNO ခေါင်းဆောင် ဦးအောင်ခမ်းထီ တည်ထားသည့်စေတီ ထီးတင်ပွဲကျင်းပပြုလုပ်ရန် ဟုဆိုကာ ကျောက်တလုံးကြီးမြို့နယ်၌ တစ်အိမ် (၅၀၀၀) ကျပ် ကောက်ခံနေဟုဆို

Hsan Loi Editor
26/01/2023
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်အုပ်ချုပ်ခွင့်ရဒေသ တောင်ကြီးမြို့နယ် ကျောက်တလုံးကြီးမြို့နယ်ခွဲ၌ PNO ခေါင်းဆောင် ဦးအောင်ခမ်းထီ တည်ထားသည့် မဟာဝံဿဗုဒ္ဓဂါယာဘုရား စေတီတော်အား ထီးတင်ရန်ဟုဆိုကာ ကျောက်တလုံးမြို့နယ်ခွဲအတွင်း တစ်အိမ် (၅၀၀၀) နှုန်း ကောက်ခံလျက်ရှိကြောင်း သိရသည်။

 

တစ်ရွာလျှင် အနည်းဆုံး (၇၃) အိမ် ကောက်ခံပေးရမည်ဟု သိရပြီး ပွဲဖြစ်မြောက်ရေး ကျေးရွာကော်မတီများထံ ထည့်ဝင်ပေးရမည်ဟု သိရသည်။ အဆိုပါရန်ပုံငွေကို တပို့တွဲလပြည့်ကျော် (၁) ရက်နေ့တွင် ရပ်ကွက်၊ ကျေးရွာကော်မတီများက သွားရောက်အပ်နှံရမည်ဟုဆိုသည်။

 

ဘုရားထီးတင်ပွဲအတွက် အလှူအား ယခုလို အတင်းအကြပ် စေခိုင်းကောက်ခံနေမှုအပေါ် ဝေဖန်မှုများ မြင့်တက်နေပြီး မတတ်နိုင်သော မိသားစုများအတွက် PNO ပြည်သူစစ်မှ ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ငွေကြေးကောက်ခံမှုများကြောင့် ဒေသခံပြည်သူများကို အခက်အခဲ ဖြစ်ပေါ်စေလျက်ရှိကြောင်း သိရသည်။