ယနေ့ (၃.၄.၂၀၂၃) ရက်နေ့ နံနက် (၁၁) နာရီ ဝန်းကျင်ခန့်တွင် သျှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ် နားဟီးကျေးရွာအုပ်စု နမ့်ပါတပ်ရွာကို တပ်ဖွဲ့ဝင် (၅၀) ဦးခန့် ပါဝင်သည့် PNLO အဖွဲ့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
နံနက် (၁၁း၃၀) ခန့်တွင် PNLO အဖွဲ့ဘက်မှ RCSS တပ်ဖွဲ့ရှိရာကို RPG ဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ရာမှတဆင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။ မွန်းလွှဲ (၁) နာရီတွင် တိုက်ပွဲများ ပြန်လည်ငြိမ်သွားခဲ့ပြီး PNLO ဘက်မှ တပ်သား (၃) ဦးသေဆုံးပြီး (၅) ဦး ဒဏ်ရာရရှိခဲ့သည်။ RCSS တပ်ဘက်မှ တပ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း RCSS အဖွဲ့ဝင်တစ်ဦးထံမှ သိရှိရသည်။
photo credit & original uploader
