အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန်

PNLO နှင့် RCSS/SSA တို့ သျှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ်၌ တိုက်ပွဲဖြစ်ပွားပြီး PNLO မှ (၃)ဦးသေပြီး (၅)ဦး ဒဏ်ရာရရှိ

PNLO နှင့် RCSS/SSA တို့ သျှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ်၌ တိုက်ပွဲဖြစ်ပွားပြီး PNLO မှ (၃)ဦးသေပြီး (၅)ဦး ဒဏ်ရာရရှိ

Hsan Loi Editor
03/04/2023
Share:

 

ယနေ့ (၃.၄.၂၀၂၃) ရက်နေ့ နံနက် (၁၁) နာရီ ဝန်းကျင်ခန့်တွင် သျှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ် နားဟီးကျေးရွာအုပ်စု နမ့်ပါတပ်ရွာကို တပ်ဖွဲ့ဝင် (၅၀) ဦးခန့် ပါဝင်သည့် PNLO အဖွဲ့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

နံနက် (၁၁း၃၀) ခန့်တွင် PNLO အဖွဲ့ဘက်မှ RCSS တပ်ဖွဲ့ရှိရာကို RPG ဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ရာမှတဆင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။ မွန်းလွှဲ (၁) နာရီတွင် တိုက်ပွဲများ ပြန်လည်ငြိမ်သွားခဲ့ပြီး PNLO ဘက်မှ တပ်သား (၃) ဦးသေဆုံးပြီး (၅) ဦး ဒဏ်ရာရရှိခဲ့သည်။ RCSS တပ်ဘက်မှ တပ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း RCSS အဖွဲ့ဝင်တစ်ဦးထံမှ သိရှိရသည်။

photo credit & original uploader