ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်တောင်ပိုင်းရှိ ပအိုဝ်းအမျိုးသားကာကွယ် ရေးတပ်ဖွဲ့ (PNDF) ၏ အခြေစိုက်စခန်းအား ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်နေ့က စစ်ကောင်စီမှ စစ်ကြောင်း ၃ ကြောင်း ခန့်မှန်းအင်အား၂၀၀ ကျော်ဝန်းကျင်ခန့်ဖြင့် ပိတ်ဆို့ စီးနင်းခဲ့ကြောင်း သိရသည်။
PNDF မှလက်နက်/ခဲယမ်း မလုံလောက်မှုကြောင့်ထိပ် တိုက်ရင်မဆိုင်ဘဲ ပိတ်ဆို့ထားသည့်ကြားမှ အထိအခိုက် မရှိ ဆုတ်ခွာခဲ့ပြီး ဘတ်တံဆိပ်များနှင့် အခြားသောရိက္ခာများအား အခက်အခဲများကြောင့် သယ်ယူနိုင်ခြင်းမရှိခဲ့ကြောင်း PNDF က ယနေ့တွင် ထုတ်ပြန်ထားသည်။
ထို့အပြင် PNDF ဘတ်တံဆိပ်နှင့် ယူနီဖောင်းများကို စစ်ကောင်စီက ယူဆောင်သွားပြီး အသုံးပြုခြင်းများ ရှိနေကြောင်းကိုလည်း PNDF မဟာမိတ်အဖွဲ့များထံ အသိ ပေးထားသည်။
ယင်းကဲ့သို့ ဆုတ်ခွာရာတွင် ဘတ်တံဆိပ်များနှင့် အခြားသော ရိက္ခာများအား သယ်ယူနိုင်ခြင်း မရှိသဖြင့် စစ်ကောင်စီက နိုဝင်ဘာလ ၅ ရက်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် PNDF တပ်ဖွဲ့ဝင်များအားလုံး လုံခြုံသော နေရာတွင် တစ်စုတစ်စည်းတည်း ရှိနေသည့်အတွက် ၎င်းတို့တပ်ဖွဲ့၏ ဘတ်တံဆိပ်များနှင့် သွားလာမှုများကို တွေ့ရှိပါက ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#HsanLoiVoice