ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ခုခံတွန်းလှန်စစ် (၂) နှစ်တာ ကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း / စစ် ကြောင်းများကို တပ်ရင်းထောက်ပံ့စရိတ် အဖြစ် အမေရိကန်ဒေါ်လာ (၁၅.၇)သန်း ခန့် ထောက်ပံ့ ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန မှယနေ့ အောက် တိုဘာလ ၃ တွင်သတင်းထုတ်ပြန်ထားသည် ။
ကာကွယ်ရေးဝန်ကြီးဌာနမှ နိုင်ငံနှင့်တဝှမ်းဖွဲ့စည်းထားရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ် ရင်း / စစ်ကြောင်း (၃၀၀) ခန့်ကို ပေးပို့ခဲ့တာဖြစ်ပြီး ယခုနောက်ဆုံးပေးပို့သည့် (၁၆) ကြိမ်မြောက် တပ်ရင်း ထောက်ပံ့စရိတ်အနေဖြင့် စုစုပေါင်း ခန့်မှန်းအမေရိကန်ဒေါ်လာ (၁) သန်းခန့် ရှိ ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိ သည် ။
အဆိုပါ တပ်ရင်းထောက်ပံ့စရိတ်များ၏ (၈၆) ရာခိုင် နှုန်း ဖြစ်သည့် ခန့်မှန်းအမေရိကန်ဒေါ်လာ (၁၃.၅) သန်းကို ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) PRF – People’s Revolution Supply Familyအစီအစဥ်၏ ၂၁ လတာ (၂၀၂၁ ဒီဇင်ဘာမှ ၂၀၂၃ ခုနှစ် သြဂုတ်) ကောက်ခံ ရရှိသည့် ဘဏ္ဍာငွေများမှ ထုတ်နှုတ်သုံးစွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည် ။
ယခုအချိန်သည်ခုခံတွန်းလှန်စစ်၏ နောက်တစ်ဆင့်ဖြစ်သည့် မဟာဗျူဟာထိုးစစ်ကာလသို့ ရောက်ရှိလာသည့်အတွက် ဘဏ္ဍာငွေများ ဆက်လက်ထောက်ပံ့ကြရန်လည်း NUG ကတိုက်တွန်းထားသည် ။