ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

PDF တပ်ရင်းများထံသို့ Drone အစင်းရေ (၄၀၀) ကျော် ဖြန့်ဝေထားကြောင်း NUG ထုတ်ပြန်လာ

PDF တပ်ရင်းများထံသို့ Drone အစင်းရေ (၄၀၀) ကျော် ဖြန့်ဝေထားကြောင်း NUG ထုတ်ပြန်လာ

Hsan Loi Editor
23/08/2023
Share:

 

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးအသီးသီးနှင့် ပြည်နယ်အသီးသီးရှိ PDF အဖွဲ့များထံ ထောက်လှမ်းရေး၊ တိုက်ခိုက်ရေးနှင့် ဝါဒဖြန့်ချိရေးအတွက် အသုံးပြုရန် Drone အစင်းရေ (၄၀၀)ကျော် ဖြန့်ဝေထားကြောင်း ယနေ့ ဩဂုတ်လ (၂၃)ရက်နေ့၌ ထုတ်ပြန်ကြေညာခဲ့သည်။

NUG အနေဖြင့် Drone လက်ရုံးတပ်သားများနှင့် ရန်သူ့တပ်ကို စိတ်ဓာတ်ရေးရာအရ ချိန်းခြောက်တိုက်ပွဲဝင်နေသည့် PDF များကို ပြည်သူလူထုအား တင်ပြခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။