ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

Online ပေါ်တွင် လေယာဥ်လက်မှတ်အတုဝယ်ယူမိ၍ သျှမ်းအမျိုးသမီးတစ်ဦးငွေကြေးလိမ်လည်ခံရ

Online ပေါ်တွင် လေယာဥ်လက်မှတ်အတုဝယ်ယူမိ၍ သျှမ်းအမျိုးသမီးတစ်ဦးငွေကြေးလိမ်လည်ခံရ

Hsan Loi Editor
24/05/2023
Share:

 

ယနေ့မနက်တွင် ရန်ကုန်မှ ဗန်းမော် သို့အဖိုးနာရေး ဖြင့်ပြန်မည့် သျှမ်းအမျိုးသမီးတစ်ဦး Online ပေါ် ရှိ “ ပြည်တွင်းလေယာဥ်လက်မှတ်အရောင်းဌာန” page မှ လေယာဥ်လက်မှတ်ဝယ်ယူမိရာကလက်မှတ်အ တုဖြစ်နေပြီး ငွေလိမ်ခံလိုက်ရကြောင်း သိရသည် ။

” ကျွန်မက အဖိုးနာရေးအမှီပြန်မလို့ online ကနေလေ ယာဥ်လက်မှတ်ဖြတ်ထားတာ KBZ Pay နဲ့ငွေ ချေခဲ့တာ လေဆိပ်ရောက်တော့ လက်မှတ်မှာပါတဲ့ လေယာဥ် နံပါတ်က ထွက်သွားပြီတဲ့ လက်မှတ်ကို ဝန်ထမ်းတွေ စစ်ကြည့်တော့ အတုဖြစ်နေတယ် ” လို့ အလိမ်ခံရသည့် အဆိုပါသျှမ်းအမျိုးသမီးကပြော သည် ။

Online ပေါ်ကတစ်ဆင့် ၄င်းဝယ်ယူထားသော လေ ယာဉ် လက်မှတ်အရောင်း page မှာ like 4.4k နှင့် follower 4.8k ခန့်ရှိပြီး ယခုအခါ ထို page မှာ ရှာမတွေ့တော့ပဲ လက် မှတ်ဝယ်ယူရာတွင် ဆက်သွယ်ထားသော ဖုန်းနံပါတ်လည်း ဆက်သွယ်၍မရတော့ကြောင်း သူကပြောသည် ။

” လေယာဉ် လက်မှတ်ကအတုဖြစ်နေတော့ ကျွန်မဖုန်းပြန်ဆက်တာ block သွားတယ် ၊လေယာဉ် လက်မှတ်ဖိုး ၂ သိန်းကျော်နဲ့ လေဆိပ်ကို သွားတဲ့ တက္ကစီခ အသွား အပြန် ၃ သောင်းလောက် ကုန်သွားတယ် အဖိုးနာရေးလဲ မမှီတော့ဘူး ” ဟု ၄င်းကပြောသည် ။

ယင်းသို့ လက်မှတ်အတုရောင်းပြီး ငွေလိမ်သွားသော KBZ Pay အကောင့် နာမည်မှာ ဝေဖြိုးအောင် ဖြစ်ပြီးKBZ Pay center သို့ တိုင်ကြားရာ ၃ ရက်အတွင်း ရဲစခန်း ထောက်ခံချက်ယူလာရန် KBZ pay center ကပြောဆိုလာကြောင်း သိရသည်။

” Kpay center က တိုင်စာဖွင့်ပေးတယ် လူလိမ်အကောင့်ကို ၃ရက်ပိတ်ပဲပိတ်ပေးလို့ရတယ်တဲ့ ၃ ရက်ပြည့်ရင် ပြန် ဖွင့်ပေးရမှာ လို့ပြောတယ် ၊ ၃ ရက်အတွင်း ရဲစခန်းထောက်ခံချက်ယူပီး Kpay center ကို Emailပို့ပေးရမှာပေါ့ နောက်လူတွေ ကိုယ့်လိုမခံရအောင် ရဲစခန်းသွားကြည့်လိုက်မယ်၊ ငွေပြန်မရ ရင်တောင် အနည်းဆုံး Kpay Center တာဝန်ယူမူဘယ် လောက်ရှိလဲသိချင်တယ် ” ဟု၄င်းကဆက် လက်ပြောသည် ။

” လေဆိပ်ကို လာတဲ့ ဧည့်သည်တွေ ခဏခဏ ကြုံရတဲ့ ပြဿဿနာ တစ်ခုပဲ လေယာဥ်လက်မှတ်က အတုတွေOnline က ဝယ်မိပြီးရောက်လာကြတာ သေချာ စီစစ်ပြီးမှ ဝယ်ယူသင့်ပါတယ် ” ဟု လေ ဆိပ်ဝန်ထမ်းတစ်ဦးဆိုသည် ။

Online ပေါ်တွင် လေယာဥ်လက်မှတ်အတုဝယ်ယူမိ
၍ ငွေလိမ် ခံရသည့် ခရီးသည်များ နေ့တိုင်းနီးပါးရှိနေကြောင်းရန် ကုန် မင်္ဂလာ ဒုံလေဆိပ်ဝန်ထမ်း များ ထံမှသိရှိရပါသည် ။

 

Photo #လေယာဉ်လက်မှတ်အတုရောင်း၍လိမ် လည်နေသည့် page နှင့် လိမ်လည်သူ KBZ Pay အကောင့်