ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

NUG, PDF နှင့် ၎င်းတို့ကို ပံ့ပိုးနေသော EAO အဖွဲ့အစည်းအချို့ကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမည်ဟု နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ (၇၈)နှစ်မြောက် တပ်မတော်နေ့ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့

NUG, PDF နှင့် ၎င်းတို့ကို ပံ့ပိုးနေသော EAO အဖွဲ့အစည်းအချို့ကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမည်ဟု နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ (၇၈)နှစ်မြောက် တပ်မတော်နေ့ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့

Hsan Loi Editor
27/03/2023
Share:

 

ယနေ့ ၂၀၂၃ ခုနှစ် မတ်လ (၂၇) ရက်နေ့တွင် ကျရောက်သော (၇၈) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ NUG, PDF နှင့် ၎င်းတို့ကို ပံ့ပိုးနေသော EAO အဖွဲ့အစည်းအချို့ကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမည်ဟု မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

၎င်း၏ မိန့်ခွန်းထဲတွင် “ ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ခဲ့တာနဲ့အညီ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေကို ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ်ကမ်းလှမ်းခဲ့တယ်။ အဲဒီလိုဖိတ်ခေါ်ခဲ့ရာမှာ ယနေ့အထိ NCA လက်မှတ်ရေးထိုးပြီးဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၇) ဖွဲ့နဲ့ လက်မှတ်ရေးထိုးခြင်းမပြုရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၃) ဖွဲ့၊ စုစုပေါင်း(၁၀) ဖွဲ့ တို့မှ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးလျက်ရှိပြီး နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းစွာ လျှောက်လှမ်း နိုင်မဲ့ ရလဒ်များကိုလည်း ဖော်ဆောင်ခဲ့နိုင်တယ်။ NCA ပါ သဘောတူညီချက်တွေဟာ ပြည်ထောင်စုနဲ့ တိုင်းရင်းသားအားလုံးရဲ့ အနာဂတ်တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေးရှုထားတာ ဖြစ်တယ်။

NUG က ပေါက်ဖွားလာတဲ့ PDF အဖွဲ့များနှင့် ၎င်းတို့ကို ကူညီနေတဲ့ အချို့သော EAO အဖွဲ့အစည်းများကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

တစ်ဖက်တွင်လည်း ယနေ့တွင် ကျရောက်သော တပ်မတော်နေ့တွင် စစ်ကောင်စီကျဆုံးခန်းအတွက် ရည်ရွယ်ပြီး တော်လှန်ရေးကာလအတွင်း သေဆုံးခဲ့သူများ၏ မြေမှုန့်များဖြင့် စစ်ကောင်စီခေါင်းဆောင်၏ ခေါင်းပြတ်ပုံအစီအရင်များပြုလုပ်ကာ ဆန္ဒထုတ်ဖော်နေမှုများလည်း တွေ့ရှိရသည်။