ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

NUG ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် မန္တလေး PDF တပ်ရင်း (၅) ခု တွေ့ဆုံဆွေးနွေးခဲ့ဟုဆို

NUG ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် မန္တလေး PDF တပ်ရင်း (၅) ခု တွေ့ဆုံဆွေးနွေးခဲ့ဟုဆို

Hsan Loi Editor
05/01/2023
Share:

 

ယနေ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၅) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးရှိ မန္တလေး PDF တပ်ရင်း (၅) ခုနှင့် NUG ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ယနေ့တွေ့ဆုံခဲ့သည့် တပ်ရင်းများမှာ တပ်ရင်းအမှတ် ၁၂၀၁၊ ၁၂၀၂၊ ၁၂၀၃၊ ၁၂၀၄၊ ၁၂၀၅ စသည့် တပ်ရင်း (၅) ရင်းနဲ့ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း NUG မှ ဖော်ပြထားသည်။

 

ဆွေးနွေးပွဲတွင် ၂၀၂၃ ခုနှစ်အတွင်း ပြုလုပ်မည့် စီမံချက်များနှင့် စစ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆုံးဖြတ်အတည်ပြုခဲ့ကြပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၏ တာဝန်ရှိသူများမှ လိုအပ်သည်များကို ပြန်လည်တင်ပြဆွေးနွေးခဲ့သည်။

 

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်တွင် စုဖွဲ့ထားသော တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပြီး လက်ရှိတွင် တပ်ရင်း ၅ ရင်းဖြင့် စုဖွဲ့ထားရှိသည်။ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) သည် တပ်ရင်းအသစ်များ တိုးချဲ့ စုဖွဲ့ရန်အတွက်လည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း NUG မှ သတင်းထုတ်ပြန်ထားသည်။

 

credit & NUG

#HsanLoiVoice

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

https://hsanloivoice.org/