သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

NUG ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် မန္တလေး PDF တပ်ရင်း (၅) ခု တွေ့ဆုံဆွေးနွေးခဲ့ဟုဆို

NUG ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် မန္တလေး PDF တပ်ရင်း (၅) ခု တွေ့ဆုံဆွေးနွေးခဲ့ဟုဆို

Hsan Loi Editor
05/01/2023
Share:

 

ယနေ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၅) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးရှိ မန္တလေး PDF တပ်ရင်း (၅) ခုနှင့် NUG ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ယနေ့တွေ့ဆုံခဲ့သည့် တပ်ရင်းများမှာ တပ်ရင်းအမှတ် ၁၂၀၁၊ ၁၂၀၂၊ ၁၂၀၃၊ ၁၂၀၄၊ ၁၂၀၅ စသည့် တပ်ရင်း (၅) ရင်းနဲ့ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း NUG မှ ဖော်ပြထားသည်။

 

ဆွေးနွေးပွဲတွင် ၂၀၂၃ ခုနှစ်အတွင်း ပြုလုပ်မည့် စီမံချက်များနှင့် စစ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆုံးဖြတ်အတည်ပြုခဲ့ကြပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၏ တာဝန်ရှိသူများမှ လိုအပ်သည်များကို ပြန်လည်တင်ပြဆွေးနွေးခဲ့သည်။

 

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်တွင် စုဖွဲ့ထားသော တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပြီး လက်ရှိတွင် တပ်ရင်း ၅ ရင်းဖြင့် စုဖွဲ့ထားရှိသည်။ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) သည် တပ်ရင်းအသစ်များ တိုးချဲ့ စုဖွဲ့ရန်အတွက်လည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း NUG မှ သတင်းထုတ်ပြန်ထားသည်။

 

credit & NUG

#HsanLoiVoice

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

https://hsanloivoice.org/