ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

NSPNC နှင့် မြောက်ပိုင်းမဟာ ၃ ဖွဲ့ဖြစ်သည့် MNDAA , TNLA , AA တို့နှင့် မိုင်းလားမြို့တွင် တွေ့ဆုံဆွေးနွေးမည်ဟုဆို

NSPNC နှင့် မြောက်ပိုင်းမဟာ ၃ ဖွဲ့ဖြစ်သည့် MNDAA , TNLA , AA တို့နှင့် မိုင်းလားမြို့တွင် တွေ့ဆုံဆွေးနွေးမည်ဟုဆို

Hsan Loi Editor
31/05/2023
Share:

 

မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့ဖြစ်သော MNDAA, TNLA, AA အဖွဲ့တို့၏ ကိုယ်စားလှယ်များသည် မေလ (၃၀) ရက်နေ့တွင် သျှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားမြို့တွင် ရောက်ရှိနေကြောင်း သိရသည်။

 

၎င်းတို့သည် တရုတ်နိုင်ငံသက်ဆိုင်ရာဌာနများ၏ ကြားဝင်ညှိနှိုင်းပေးမှုအရ မိုင်းလားမြို့တွင် ရောက်ရှိနေပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

 

တရုတ်နိုင်ငံ ယူနန်ပြည်နယ် နိုင်ငံခြားရေးရာ အထူးသံတမန် ကောပေါင်သည်လည်း မိုင်းလားမြို့တွင်ရောက်ရှိနေပြီး ဆွေးနွေးပွဲဖြစ်မြောက်ရေး တရုတ်နိုင်ငံကိုယ်စားလှယ်အဖြစ် ပါဝင်သွားမည်ဟု ဆိုသည်။