သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

NDAA ဥက္ကဌ ဦးစိုင်းလင်း၏ ဈာပနအခမ်းအနားသို့ 7 EAO Alliance က ဝမ်းနည်းခြင်းသဝဏ်လွှာပေးပို့၊ ဈာပနအခမ်းအနားကာလအတွင်း သျှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ ၄ ၊ မိုင်းခတ်-မိုင်းယန်း-မိုင်းလား လမ်းပိုင်း မိုင်းလားမြို့အဝင်ကို ဩဂုတ်လ(၃၀)ရက်နေ့အထိ ပိတ်ထားမည်ဟုဆို

NDAA ဥက္ကဌ ဦးစိုင်းလင်း၏ ဈာပနအခမ်းအနားသို့ 7 EAO Alliance က ဝမ်းနည်းခြင်းသဝဏ်လွှာပေးပို့၊ ဈာပနအခမ်းအနားကာလအတွင်း သျှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ ၄ ၊ မိုင်းခတ်-မိုင်းယန်း-မိုင်းလား လမ်းပိုင်း မိုင်းလားမြို့အဝင်ကို ဩဂုတ်လ(၃၀)ရက်နေ့အထိ ပိတ်ထားမည်ဟုဆို

Hsan Loi Editor
14/08/2024
Share:

 

အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့(NDAA)တည်ထောင်သူ သျှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ(၄)ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဥက္ကဌကြီး ဦးစိုင်းလင်း သည် ၂၀၂၄ ခုနှစ် ဩဂုတ်လ(၇)ရက်နေ့က ဘဝတစ်ပါးသို့ ကွယ်လွန်အနိစ္စရောက်ခဲ့သည်။

 

ဦးစိုင်းလင်း ကွယ်လွန်အနိစ္စရောက်ခြင်းနှင့်ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၇)၏ မဟာမိတ်အဖွဲ့- 7 EAO Alliance ကလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာကို ဩဂုတ်လ(၁၁)ရက်နေ့တွင် ပေးပို့ခဲ့သည်။

 

ဦးစိုင်းလင်း ဈာပနအခမ်းအနားကို ဩဂုတ်လ(၂၃)ရက်နေ့တွင် မိုင်းလားမြို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ဈာပနအခမ်းအနားကာလအတွင်း ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် သျှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ ၄ ၊ မိုင်းခတ်-မိုင်းယန်း-မိုင်းလား လမ်းပိုင်း မိုင်းလားမြို့အဝင်ကို ဩဂုတ်လ(၃၀)ရက်နေ့အထိ ပိတ်ထားမည်ကြောင်း သတင်းရရှိသည်။