၂၀၂၄ ခုနှစ် ဩဂုတ်လ(၈)ရက်နေ့ ယမန်နေ့ ညပိုင်းတွင် သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ(၄) မိုင်းလားတပ်ဖွဲ့ (National Democratic Alliance Army – Eastern Shan State – NDAA ESS) ၏ ဥက္ကဌဖြစ်သူ ဦးစိုင်းလင်းသည် တရုတ်နိုင်ငံ ကွမ်ဂျိူးမြို့ရှိ ဆေးရုံတစ်ခုတွင် ဆေးကုသမှုခံယူနေစဉ် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ ဦးစိုင်းလင်း ကွယ်လွန်ချိန်တွင် အသက်(၈၈)နှစ်ရှိပြီဖြစ်ကြောင်း ကနဦး သိရသည်။
