သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

NCA လက်မှတ်ထိုးထားသည့် DKBA အဖွဲ့ အမှတ် ၂ နည်းဗျူဟာမှူး ဗိုလ်မှူးကြီးစောအေဝမ်း နေအိမ်ကို စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်

NCA လက်မှတ်ထိုးထားသည့် DKBA အဖွဲ့ အမှတ် ၂ နည်းဗျူဟာမှူး ဗိုလ်မှူးကြီးစောအေဝမ်း နေအိမ်ကို စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်

Hsan Loi Editor
21/01/2023
Share:

 

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၊ ပြောင်မထိန်ကျေးရွာအုပ်စု၊ ကြိမ်ချောင်းကျေးရွာရှိ DKBA (ဒေါနအနောက်ခြမ်း)၊ အမှတ် ၂ စစ်ကွပ်ကဲရေးနည်းဗျူဟာမှူး၊ ဗိုလ်မှူးကြီးစောအေဝမ်းရဲ့ နေအိမ်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက် နံနက် ၁း၀၀ နာရီဝန်းကျင်တွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာ တိုက်လေယာဉ် ၄ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု Karen သတင်းဌာန ငွေမောင်းသံက ရေးသား ဖော်ပြခဲ့ပါသည်။

 

“ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ဟာ NCA လက်မှတ်ရေးထိုးထားခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်း ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ ရှိနေခဲ့ပါတယ်။ ဒီလိုအခြေအနေတွေ ရှိပါလျက်နဲ့ အခုလို လေကြောင်းကနေ အလစ်အငိုက် ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်လာတာဟာ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA နဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုကို တစ်ဖက်သတ်ချိုးဖောက်လိုက်တာလို့ ဆိုရမှာ ဖြစ်ပါတယ်။” ဟု ရေးသားဖော်ပြထားပါသည်။

 

ဗိုလ်မှူးကြီးစောအေဝမ်းနေအိမ်နဲ့ ဘုရားကျောင်းဆောင် အပါအဝင်၊ အနီးဝန်းကျင်ရှိ အဆောက်အအုံများ၊ အလုပ်သမားတန်းလျားများ ဗုံးထိမှန်ပြီး နေအိမ်ခြံဝန်းအတွင်းက အဆောက်အအုံ ၂ လုံး ပြိုကျပျက်စီးသွားကြောင်း ဖော်ပြခဲ့ပါသည်။

 

DKBA ဗိုလ်မှူးကြီးစောအေဝမ်း၏ နေအိမ်ကို လေယာဉ်ပေါ်မှ ပွိုင့်ဖိုက်စက်လက်နှင့်ပါ ပစ်ခတ်သောကြောင့် နေအိမ် တခုလုံး ကြေမွပျက်ဆီးသွားခဲ့သည်ကို တွေ့မြင်ရပါသည်။

 

ဗိုလ်မှူးကြီး စောအေဝမ်းနဲ့ စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ ယခင် NCA ငြိမ်းချမ်းရေး ဆွေးနွေးပွဲကာလ ရိုက်ကူးထားသော ဓာတ်ပုံနဲ့ NSPNC ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့်တို့ အတူတကွ ရိုက်ကူးထားသော ဓာတ်ပုံများလည်း ကျည်ဆံထိမှန်ကာ ပျက်စီးသွားခဲ့ပါသည်။