သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

NCA နှစ်ပတ်လည်အထိမ်းအမှတ်ကျင်းပပြီးနောက်ပိုင်းတွင် သျှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများအား KIA မှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်နေသည်ဟု စစ်ကောင်စီဘက်က ထုတ်ပြန်လာ

NCA နှစ်ပတ်လည်အထိမ်းအမှတ်ကျင်းပပြီးနောက်ပိုင်းတွင် သျှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများအား KIA မှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်နေသည်ဟု စစ်ကောင်စီဘက်က ထုတ်ပြန်လာ

Hsan Loi Editor
22/10/2023
Share:

 

၂၀၂၃ ခုနှစ် အောက်တိုဘာလ (၁၅) ရက်နေ့ NCA (၈)နှစ်ပြည့်အထိမ်းအမှတ်ကို နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပြီးနောက်ပိုင်း သျှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်းများအား KIA အဖွဲ့က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီ၏ လက်အောက်ခံမီဒီယာများက ဖော်ပြခဲ့သည်။

 

အောက်တိုဘာလ (၁၉) ရက်နေ့က KIA အဖွဲ့က အင်အားအလုံးအရင်းဖြင့် သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း(၃)ခုအား ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

 

အလားတူ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နမ့်ဆန်ယန်ရွာအနီးတွင်လည်း စစ်ကောင်စီတပ်စခန်းများအား KIA အဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းအား သိမ်းပိုက်ထားနိုင်သည်ဟု ကချင်ပြည်နယ် ဒေသသတင်းများက ဖော်ပြထားသည်။

 

တစ်ဖက်တွင်လည်း ကချင်ပြည်နယ် KIA ဌာနချုပ်အနီး လိုင်ဇာမြို့နယ်ရှိ အောင်ဂျာစစ်ကောင်စီတပ်စခန်း (၃) ခုအား KIA အဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း KIA ဘက်ကထုတ်ပြန်လာသည်။

 

ဆက်စပ်သတင်းများအရ KIA မှ သိမ်းပိုက်ထားသော စစ်ကောင်စီတပ်စခန်းများအနီးတစ်ဝိုက်၌ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုပြန်လည်ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။