တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

National Special Force (NSF) အဖွဲ့ခေါင်းဆောင် (၃) ဦး စစ်ကောင်စီနှင့်ဝင်ရောက်ပူးပေါင်းသွားသည့်အတွက် NSF အဖွဲ့အား ဖျက်သိမ်း

National Special Force (NSF) အဖွဲ့ခေါင်းဆောင် (၃) ဦး စစ်ကောင်စီနှင့်ဝင်ရောက်ပူးပေါင်းသွားသည့်အတွက် NSF အဖွဲ့အား ဖျက်သိမ်း

Hsan Loi Editor
13/09/2023
Share:

 

ကရင်ပြည်နယအတွင်း စစ်ရေးလှုပ်ရှားမှုများဆောင်ရွက်သည့် National Special Force ပြည်သူ့ကာကွယ်ရေးအဖွဲ့သည် ၎င်းတို့အဖွဲ့၏ အဖွဲ့ခေါင်းဆောင် (၃) ဦးက စစ်ကောင်စီတပ်နှင့် ပူးပေါင်းသွားသည့်အပြင် အဖွဲ့ဝင်တပ်သားများ၏ မိသားစုလုံခြုံရေးပါ ခြိမ်းခြောက်မှုပြုလုပ်လာသည့် အတွက် စက်တင်ဘာလ (၁) ရက်နေ့ကစပြီး National Special Force အဖွဲ့အား ဖျက်သိမ်းကြောင်း RFA သတင်းဌာနက စက်တင်ဘာလ (၁၂)ရက်နေ့က ဖော်ပြခဲ့သည်။

 

National Special Force အဖွဲ့၏ ဒုတပ်ခွဲမှူး ရန်ကုန် (ခေါ်) ဘုန်းမြင့်အောင်၊ တပ်ခွဲမှူး အန်ဒရူး (ခေါ်) ချစ်ဇင်လင်း တို့ (၂) ဦးသည် ၂၀၂၃ ခုနှစ် ဇူလိုင်လပိုင်းက အဖွဲ့အတွက်အလှူခံထားသော မြန်မာငွေကျပ်သိန်း (၉၀၀) ခန့်တန်ဖိုးရှိသည့် ထိုင်းဘတ်ငွေ (၁၀) သိန်းခန့်အား ယူဆောင်ကာ စစ်ကောင်စီနှင့်ပူးပေါင်းခဲ့ကြောင်း သိရသည်။ စက်တင်ဘာလ (၈) ရက်နေ့ကလည်း တပ်စုမှူး ထိပ်ပေါက် (ခေါ်) မင်းသူရိန် က သေနတ်တစ်လက် လက်ပစ်ဗုံးတစ်လုံး ကျည် (၂၅၀) ခန့်နှင့်ဆက်စပ်ပစ္စည်းများယူဆောင်ပြီး စစ်ကောင်စီနှင့် ထပ်မံပူးပေါင်းခဲ့သည်ဟု ဆိုသည်။

 

စစ်ကောင်စီနှင့်ပူးပေါင်းသွားသူများသည် ကျန်ရှိနေသေးသော PDF ရဲဘော်များအား ၎င်းတို့နည်းတူ စစ်ကောင်စီနှင့်လာရောက်ပူးပေါင်းရန်နှင့် ပူးပေါင်းခြင်းမပြုပါက ၎င်းတို့၏ မိသားစုဝင်များအား အန္တရာယ်ပြုမည်ဟု ခြိမ်းခြောက်နေကြောင်း သိရသည်။ ထို့ကြောင့် ကျန်ရှိနေသော ခေါင်းဆောင်များက ၎င်းတို့အဖွဲ့အား ဖျက်သိမ်းပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်က တပ်ရင်းတစ်ဖွဲ့ထံ ဝင်ရောက်ခိုလှုံလျက်ရှိသည်ဟု ဆိုသည်။

 

ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီး ပုလဲနယ်အတွင်းရှိသည့် မြန်မာ့တော်ဝင်နဂါးတပ် (MRDA) မှ ဗိုလ်နဂါးဦးဆောင်ပြီး NUG လက်အောက်ခံမဟုတ်သော ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များ (LPDF) နှင့် ပူးပေါင်းကာ ဗမာအမျိုးသားတော်လှန်ရေးတပ် BNRA ကို စတင်ဖွဲ့စည်းကြောင်း စက်တင်ဘာလအစောပိုင်းက ထုတ်ပြန်ခဲ့သည်။

 

တစ်ဖက်တွင်လည်း NUG ဘက်မှ ဗိုလ်နဂါးသည် BNRA ဖွဲ့စည်းတည်ထောင်ရန် ၎င်းတို့အား ဆွေးနွေးတိုင်ပင်ခြင်းမရှိကြောင်း ထုတ်ပြန်ခဲ့သည်။