ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ယမန်နေ့ နိုဝင်ဘာလ(၂၃)ရက် ညပိုင်းက ဗီယက်နမ်နိုင်ငံမှာ ကျင်းပတဲ့ Mr. World 2024 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဥ်ပြိုင်ခဲ့တဲ့ သျှမ်းတိုင်းရင်းသား စိုင်းဒေါင့်လော သည် Beauty with a Purpose Project မှာ Winner ဆုရရှိ သွားကြောင်း သိရသည်။
Project မှာ အနိုင်ရရှိသွားတဲ့ စိုင်းဒေါင့်လော သည် Top 20 ထဲသို့ အော်တိုဝင်သွားပြီး Top 10 ထဲထိတော့ ပါဝင်ခဲ့ခြင်းမရှိပေမယ့် Mr World Myanmar သမိုင်းမှာ ပထမဆုံး Project winner ရရှိသူလည်းဖြစ်ပါသည်။ ပွဲစဥ်တစ်လျှောက်လုံးမှာလည်း မြန်မာနိုင်ငံ၏ ရိုးရာယဥ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဥ်လာနှင့် သျှမ်းတိုင်းရင်းသား ဝတ်စုံများ ဝတ်ဆင်ချပြပြီး စိတ်အားထက်သန်စွာနဲ့ အကောင်းဆုံး ချပြသွားခဲ့ပါသည်။
Mr. World 2024 Winner ကိုတော့ Puerto Rico နိုင်ငံက ရရှိပြီး 1st Runner up ဗီယက်နမ်နိုင်ငံနှင့် 2nd Runner up စပိန်နိုင်ငံက အလှမောင်များက အသီးသီးရရှိသွားခဲ့ကြောင်း သိရသည်။
Mr. World 2024 ပြိုင်ပွဲကြီးကို ဗီယက်နမ်နိုင်ငံမှာ နိုဝင်ဘာလ(၅)ရက်မှ (၂၃)ရက်နေ့အထိ ကျင်းပပြီး ကမ္ဘာ့နိုင်ငံပေါင်း(၇၀)ကျော်က ဝင်ရောက်ယှဥ်ပြိုင်ကြတဲ့ အလှမောင်ပြိုင်ပွဲဖြစ်ပါသည်။ Mr. World ပြိုင်ပွဲသည် ၁၉၉၆ ခုနှစ်မှ စတင်ကျင်းပလာခဲ့တာြဖစ်ပြီး ယခု ၂၀၂၄ ခုနှစ်မှာ (၁၁)ကြိမ်မြောက် Mr.World ပြိုင်ပွဲကြီး ဖြစ်ကြောင်းသိရသည်။
ပရဟိတလုပ်ငန်းစဥ်နှင့် လူထုအကျိုးပြု Project winner ဆုရရှိသွားတဲ့ စိုင်းဒေါင့်လော သည် သျှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ ရှိ တိမွမ်းကျေးရွာမှာ မွေးဖွားတဲ့ သျှမ်းတိုင်းရင်းသားတစ်ဦး ဖြစ်ပြီး သီပေါမြို့တွင် စေတနာ့ဝန်ထမ်း အင်္ဂလိပ်စာဆရာအဖြစ် ၂၀၁၉ ခုနှစ်မှ စတင်ကာ စိုင်းဒေါင့်လော သည် သီပေါဒေသခံကလေး(၁၅၀)ကျော်ကို အင်္ဂလိပ်စာ အခမဲ့သင်ကြားပေးခဲ့သူလည်းဖြစ်ပါသည်။