တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

MNDAA ထိန်းချုပ်ထားသော လားရှိုးမြို့မှာ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲချမှုကြောင့် ပြည်သူ ၂ ဦးဒဏ်ရာရရှိပြီး လူနေအိမ်(၃)လုံး ထိခိုက်ပျက်စီး

MNDAA ထိန်းချုပ်ထားသော လားရှိုးမြို့မှာ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲချမှုကြောင့် ပြည်သူ ၂ ဦးဒဏ်ရာရရှိပြီး လူနေအိမ်(၃)လုံး ထိခိုက်ပျက်စီး

Hsan Loi Editor
22/10/2024
Share:

 

MNDAA ထိန်းချုပ်ထားသော လားရှိုးမြို့သို့ အောက်တိုဘာလ(၂၂)ရက် သန်းခေါင်ယံအချိန်က စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ရာ ရပ်ကွက် ၁၂ နှင့် မန်ဆူဘုန်းကြီးကျောင်းအနီး ရှမ်း‌ တောင်တန်းလမ်းကြားရှိ လူနေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲပြီး ဒေသခံပြည်သူ (၂)ဦး ထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ်(၃)လုံး ထိခိုက်ပျက်စီးကြောင်း လားရှိုးအခြေစိုက် Freedom Youth Volunteers အဖွဲ့မှ သိရသည်။

 

စစ်ကောင်စီအနေဖြင့် MNDAA ထိန်းချုပ်ရာဒေသများရှိ လူနေအိမ်များ၊ ဈေးဆိုင်ခန်းများ၊ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အအုံများသို့ ဦးတည်ပြီး လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်လျက်ရှိရာ သုံးလကျော်ကြာ ကာလအတွင်း အရပ်သားပြည်သူ (၁၀၀)ကျော် ထိ‌ခိုက်သေဆုံးမှုရှိကြောင်း MNDAA မှ ထုတ်ပြန်ထားပါသည်။