ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

MNDAA က ဖမ်းဆီးခေါ်ဆောင်သွားသည့် သိန္နီမြို့နယ် မိုင်းလီကျေးရွာအုပ်ချုပ်ရေးမှူး ရိုက်နှပ်ခံရပြီး သေဆုံး

MNDAA က ဖမ်းဆီးခေါ်ဆောင်သွားသည့် သိန္နီမြို့နယ် မိုင်းလီကျေးရွာအုပ်ချုပ်ရေးမှူး ရိုက်နှပ်ခံရပြီး သေဆုံး

Hsan Loi Editor
22/01/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ် မိုင်းလီကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစိုင်းဘဌေးအား January 2024 ရက်နေ့ နံနက်ပိုင်း (၇) နာရီခန့်၌ MNDAA အဖွဲ့က မေးမြန်းစရာရှိသည်ဟုဆိုကာ လာရောက်ခေါ်သွားခြင်းခံရကြောင်း သိရသည်။ သို့သော် မွန်းလွဲ (၃) နာရီခန့်တွင် ဦးဘဌေး ​၏ သေဆုံးနေသောရုပ်အလောင်းကိုပြန်လာပို့ခဲ့ပြီး ၎င်း​၏ ပေါင်တစ်ခုလုံးလည်း ရိုက်နှက်နှိပ်စက်ခံရမှုကြောင့် ညိုမည်းစွဲလျက်ရှိသည်ကို တွေ့ရသည်။

“ ဦးလေးကို စစ်သားဝတ်စုံအပြည့်ဝတ်ထားတဲ့ ကိုးကန့်စစ်သားတွေက ဇန်နဝါရီလ (၂၀) ရက်နေ့ မနက် (၇) နာရီလောက်မှ သူ့အိမ်ကိုရောက်လာပြီး လာခေါ်သွားတယ်ပေါ့။ သေနတ်တွေနဲ့လာခေါ်ကြတာဆိုတော့ မလိုက်လို့လည်းမရဘူး။ လာဖမ်းတုန်းကတော့ ဆွေးနွေးပြောဆိုစရာရှိလို့ဆိုပြီး ခေါ်သွားကြပေမယ့် ညနေပိုင်းလောက်မှာ အလောင်းကိုပြန်လာပို့သွားတယ်။ ဦးလေးဦးဘဌေးရဲ့ ပေါင်တစ်ခုလုံးလည်း ညိုမဲနေတဲ့အထိ ရိုက်ခံထားရတဲ့ဒဏ်ရာတွေရထားတယ်။ သူတို့ကတော့ သူတို့ရိုက်လို့သေတာမဟုတ်ဘူး စစ်ဆေးမေးမြန်နေတဲ့အချိန်မှာ သွေးတိုးပြီးသေသွားတာလို့ပြောသွားတယ်။” ဟု ဦးဘဌေးနှင့်ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောပြသည်။

“ ဦးဘဌေးက ရိုးရိုး တောင်သူပါ။ ကျေးရွာက လိုအပ်ချက်ကြောင့်မို့လို့ လူကြီးလုပ်နေတဲ့ဆိုပေမယ့် သူကိုယ်တိုင်ကလည်း ရွာလူရွာကြီးလုပ်ချင်တာမဟုတ်ဘူး။ လူမရှိလို့သာလုပ်ပေးရတာပါ။ အခုတော့ လူတစ်ယောက်ကို ဖမ်းချင်တိုင်းဖမ်း နှိပ်စက်ချင်တိုင်းနှိပ်စက် သတ်ချင်သလိုသတ်နေပြီ။ အခုလိုဖြစ်သွားတာတောင် သူ့မိသားစုကဘယ်ကိုမှတိုင်လို့လည်းမရဘူး။” ဟု မိုင်းလီရွာသားတစ်ဦးကပြောပြသည်။

ဦးဘဌေးတွင် ဇနီးသည်ဒေါ်နန်းဆိုင်အောင်နှင့်အတူ သား (၂) ဦး၊ သမီးတစ်ဦးနှင့် မြေးများရှိကြောင်း ကျန်ရစ်လျက်ရှိကြောင်း သိရသည်။