ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
မြန်မာ-တရုတ်နယ်စပ်၊ ချင်းရွှေဟော် နမ့်ဖာတောင်ရှိ MNDAA ကိုးကန့်စခန်းကို စစ်ကောင်စီဘက်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူး ဒဏ်ရာရရှိပြီး၊ တပ်ခွဲမှူး ၂ ဦးအပါအဝင် ၁၀ ဦးထက်မနည်း ကျဆုံးမှုရှိကြောင်း MNDAA က ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက် နံနက် ၉း၀၀ နာရီဝန်းကျင်တွင် စစ်ကောင်စီဘက်မှ အင်အား ၅၀၀ ကျော်ဖြင့် နမ့်ဖာတောင်တပ်စခန်းသို့ လာရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။
နိုဝင်ဘာလ ၂၈ ရက်တွင်လည်း စစ်ကောင်စီအင်အား ၃၅၀ ဝန်းကျင်ဖြင့် ထိုးစစ်ဆင်ခဲ့ရာ စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိသည်ဟုသိရသည်။
သေဆုံးသွားသော စစ်ကောင်စီတပ်သားများ၏ရုပ်အလောင်းများကို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA က မြုပ်နှံပေးခဲ့ရသည်ဟု သိရသည်။
#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/
Ref: The Kokang