ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် သံဘိုရွာတွင် အခြေချထားသည့် စစ်ကောင်စီအဖွဲ့အား ၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၂)ရက်နေ့တွင် MDY-PDF နှင့် TNLA တို့ ပူးပေါင်းပြီး စတင်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဇန်နဝါရီလ (၃) ရက်နေ့တွင် သံဘိုကျေးရွာရှိ စစ်ကောင်စီစခန်းအား အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကြောင်းမှူး ဗိုလ်မှူးကြီးသက်အောင် ကို အရှင်ဖမ်းဆီးရမိခဲ့သည်ဟု MDY-PDF က ထုတ်ပြန်ခဲ့သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအများအပြား ထိခိုက်သေဆုံးခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့လည်း ကျဆုံးခဲ့သည်ဟု သိရသည်။ စစ်ကောင်စီ၏ Drone Jammer စက်အကြီးများအပါအဝင် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့သည်ဟုဖော်ပြထားသည်။
ဓာတ်ပုံများအရ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များသည် အင်အားချိနဲ့လာပြီး စုပေါင်းအင်အားဖြင့် တော်လှန်ရေးအင်အားစုများကို ခုခံနေရခြင်းဖြစ်ကြောင်း သုံးသပ်ရသည်။
ဖမ်းဆီးခြင်းခံထားရသော ဗိုလ်မှူးကြီးသက်အောင်သည် သင်ကြားရေးပိုင်းမှဖြစ်ပြီး စစ်တိုက်ဖူးသည့် အတွေ့အကြုံ မရှိဘဲပထမဆုံး ရှေ့တန်းထွက်လာသူဖြစ်ကြောင်း သတင်းရရှိသည်။