တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

KNU ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြရဲ့ သားဖြစ်သူ စောနယ်ဒါးဘိုမြ က “ ကော်သူးလေ သမ္မတနိုင်ငံ”  စတင်ထူထောင်ကြောင်းကြေညာ

KNU ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြရဲ့ သားဖြစ်သူ စောနယ်ဒါးဘိုမြ က “ ကော်သူးလေ သမ္မတနိုင်ငံ” စတင်ထူထောင်ကြောင်းကြေညာ

Hsan Loi Editor
07/01/2026
Share:
ပြိုကွဲ‌နေတဲ့ မြန်မာနိုင်ငံမှ တရားဝင်ခွဲထွက်ပြီး ကော်သူးလေအဖွဲ့ကို လွတ်လပ်ရေးကြေငြာကာ လွတ်လပ်တဲ့ နိုင်ငံသစ်တစ်ခုဖြစ်တဲ့ ကော်သူးလေသမ္မတနိုင်ငံ ကို စတင်တည်ထောင်လိုက်ပြီလို့ ကော်သူးလေ အစိုးရက ယမန်နေ့ ဇန်နဝါရီလ ၅ ရက်က ကြေညာခဲ့ပါတယ်။May be an image of one or more people
ကြေညာချက်ထဲမှာ ကရင်လူမျိုးများဟာ နှစ်ပေါင်း ၇၀ ကျော်အတွင်း ဖိနှိပ်ခံရမှု၊ ခွဲခြားဆက်ဆံ ခံရမှု‌တွေကို ဆက်တိုက် ခံစားလာခဲ့ရတဲ့အတွက် အရေးကြီး လုပ် ဆောင်ချက်တွေ လုပ်ဆောင်ရန် လိုအပ်ကြောင်း ဖော်ပြထားပါတယ်။
May be an image of clarinet and oboe
ကော်သူးလေ အစိုးရဖွဲ့စည်းပုံအရ KNU ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြရဲ့ သားဖြစ်သူ စောနယ်ဒါးဘိုမြ ကို သမ္မတအဖြစ် ခန့်အပ်ထားပြီး၊ ဒုသမ္မတ- ၁ အဖြစ် စောဆာဂေးဖိုး၊ ဒုသမ္မတ- ၂ အဖြစ် စောဒေးဗစ်သာကဘော၊ ဝန်ကြီးချုပ်အဖြစ် စောဖိုးသူးလး နဲ့ ဒုတိယဝန်ကြီးချုပ်နှင့်ယာယီကာကွယ်ရေးဝန်ကြီး အဖြစ် စောဒေးဗစ်လာဒူး တို့ခန့်အပ်ထားတယ်လို့ဆိုပါတယ်။No photo description available.
ကော်သူးလေသမ္မတနိုင်ငံဟာ ဒီမိုကရေစီစနစ်၊ ဥပဒေမဏ္ဍိုင် အုပ်ချုပ်မှုကို အခြေခံတဲ့ နိုင်ငံရေးစနစ်ကို တည်ဆောက်မှာဖြစ်ပြီး လွတ်လပ်သော စျေးကွက်စီးပွားရေးကို အခြေခံကာ နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
May be an image of text
လက်ရှိမြန်မာ့နိုင်ငံရေး မတည်မငြိမ်တဲ့ကြားကနေ ဖြစ်ပေါ်လာတဲ့ ကော်သူးလေနိုင်ငံသစ် ထူထောင်ခြင်းဟာ ဒေသတွင်း ပထဝီနိုင်ငံရေးအပေါ် သက်ရောက်မှုရှိလာနိုင်ပြီး မငြိမ်မသက်မှုတွေလည်း ဆက်လက်ဖြစ်ပေါ် နေဦးမယ်လို့ နိုင်ငံရေးလေ့လာသူ တွေက သုံးသပ်ထားပါတယ်။May be an image of crowd and text
Photo – Kawthoolei Army
Ref: ThaiPBS