ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

KK Park မှ ထိုင်းနိုင်ငံသို့ ထွက်ပြေးဝင်ရောက်လာတဲ့ ထောင်ကျော်ရှိတဲ့ နိုင်ငံခြားသားများထဲမှ အိန္ဒိယနိုင်ငံသား အများဆုံးဖြစ်

KK Park မှ ထိုင်းနိုင်ငံသို့ ထွက်ပြေးဝင်ရောက်လာတဲ့ ထောင်ကျော်ရှိတဲ့ နိုင်ငံခြားသားများထဲမှ အိန္ဒိယနိုင်ငံသား အများဆုံးဖြစ်

Hsan Loi Editor
25/10/2025
Share:
မြဝတီမြို့အနီးရှိ KK Park မှ ထိုင်းနိုင်ငံသို့ ထွက်ပြေးဝင်ရောက်လာတဲ့ လူအင်အား ထောင်ကျော်ရှိတဲ့ နိုင်ငံခြားသားများထဲမှ အိန္ဒိယနိုင်ငံသား အများဆုံးဖြစ်တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။
No photo description available.
ကျားဖြန့်လိမ်လည်မှုလုပ်ငန်းမှာ လုပ်ကိုင်နေသူဟု သံသယရှိသူ နိုင်ငံခြားသား ၁၀၄၉ ဦး သည် ယနေ့ အောက်တိုဘာလ ၂၄ ရက်မှာ ထိုင်းနိုင်ငံ၊ မဲဆောက်ခရိုင်ထဲသို့ ဝင်ရောက်လာပြီး ထွက်ပြေးလာသူ အရေအတွက် ဆက်လက်မြင့်တက်နေတယ်လို့ သိရပါတယ်။May be an image of table and text that says '178 GRATION วจคนไ RATIO 典報! M'
ထွက်ပြေးလာသူများအနက် အိန္ဒိယနိုင်ငံသား ၃၉၉ ဦးနဲ့ အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးသည် တရုတ်နိုင်ငံသားဖြစ်ပြီး ၁၄၇ ဦးရှိတယ်လို့ ဆိုပါတယ်။
May be an image of one or more people and suitcase
ဒါ့အပြင် ထွက်ပြေးလာသူများထဲတွင် ဗီယက်နမ်၊ အီသီယိုးဗီးယား၊ ပါကစ္စတန်၊ အင်ဒိုနီးရှား၊ နီပေါနဲ့ ကမ္ဘာတဝှမ်းမှ အခြားနိုင်ငံများမှ နိုင်ငံခြား သားများပါဝင်သလို ထိုင်းနိုင်ငံသား ၃၁ ဦးလည်း ပါဝင်တယ်လို့ Khaosod News က ဖော်ပြပါတယ်။
ထိုင်းအာဏာပိုင်တွေက ထွက်ပြေးလာသူများကို ကိုယ်ရေးအချက်အလက်နဲ့ ရာဇဝတ်မှု မှတ်တမ်းများ စစ်ဆေးပြီး ရာဇဝတ်မှုမှတ်တမ်းရှိသူကို ဥပဒေအရအရေးယူသွားမှာဖြစ်ကာ ကျားဖြန့်လုပ်ငန်းမှာ အတင်းအကျပ် လိမ်လည်စေခိုင်းခံရသူများကိုတော့ သက်ဆိုင်ရာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မယ်လို့ သိရပါတယ်။