ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
မတ်လ ၂ ရက်နေ့ ည ၉း၄၅ မိနစ်ခန့်တွင် မူစယ်မြို့၊ စယ်လန့်မှ ဆိုင်းမော်တောင် TNLA တပ်ရင်း အမှတ် ၁ သို့ ဦးတည်မောင်းနှင်သွားသော မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများ ကား ၃ စီးအနက် နောက်ဆုံးကား ၁ စီးကို KIA တပ်ရင်း ၆ လက်အောက်ခံတပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်သည်ဟု သိရသည်။
ယင်းပစ္စည်းများနှင့်အတူ TNLA က လူ ၃ ဦးကိုပါ ဖမ်းဆီးထားသည်ဟု ဆိုသည်။
TNLA အဖွဲ့ဝင်များလည်း အချင်းအကျင်းဖြစ်ပွားရာဘက်သို့ အင်အားနှင့် ရောက်ရှိသွားခဲ့ကြောင်း သိရ သည်။
မတ်လ ၄ ရက်နေ့ ညနေ ၃း၀၀ မှ ၆း၀၀ နာရီ ကြားတွင် KIA ကဖမ်းဆီးရမိခဲ့သော TNLA ပိုင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို မီးရိူ့ဖျက်ဆီးလိုက်ကြောင်း တအာင်းအမျိုးသား တဦးက ပြောကြောင်း Tai Freedom page က ရေးသားဖော်ပြထားသည်။
ဒေသတွင်းသတင်းအရင်းအမြှစ်များအရ TNLA တပ်ရင်း ၁ သည် ဆိုင်းမော်တောင်တွင် မူးယစ်ဆေးဝါးချက်လုပ်သည်မှာ အချိန်အတိုင်းအတာတခုရှိနေပြီဖြစ်ကြောင်းနှင့် ဒေသခံများ ဖြတ်သန်းသွားလာခွင့်ကို တားမြစ်ပိတ်ပင်ထားကြောင်း ပြောပါသည်။
Sources: Tai freedom, Kachin News Group