ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြိုတွင် စက်တင်ဘာလ (၇) ရက်နေ့ ညနေပိုင်းခန့်က တာချီလိတ်လေဆိပ်၌ ခရီးသည်တစ်ဦး၏ စက္ကူဂျပ်ဖာအား စစ်ဆေးကြည့်ရာမှ Happy Water (၇.၈) ကီလို ခန့်မှန်းငွေကျပ်တန်ဖိုး (၅၈၅၀) သိန်းရှိသည့် စိတ်ပြောင်းမူးယစ်ဆေးအား ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီ၏ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ဖော်ပြထားသည်။
ဒါ့အပြင် ဆက်စပ်သတင်းများအရ ယင်းနေ့တွင်ပင် တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်အား ဝင်ရောက်ရှာဖွေရာ နောက်ထပ် Happy Water (၈.၅၂) ကီလို ငွေကျပ်တန်ဖိုး (၉၃၀၀) သိန်းအား ထပ်မံဖမ်းဆီးရမိခဲ့သည်ဟုဆိုသည်။
ထို့ကြောင့် အဆိုပါမူးယစ်ဆေးဝါးများကို လက်ဝယ်ထားရှိသူများဖြစ်သည့် မဖြိုးကေသီကျော်၊ မမူမူကြူ(ခ)နန်းလောဝ်ငင်း၊ စိုင်းဝိလတ်၊ မမီညား တို့အား တာချီလိတ်မြို့ရဲစခန်းတွင် ဖမ်းဆီးအရေးယူထားသည်ဟု ဆိုသည်။
ဒါ့အပြင် စက်တင်ဘာလ (၁၄) ရက်နေ့ ညနေ (၂) နာရီခန့်တွင်လည်း သျှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ မယ်ယန်းကျေးရွာအနီးတွင် TOYOTA CROWN မော်တော်ယာဉ်တစ်စီးအား တားဆီးစစ်ဆေးရာမှ ယာဉ်ပေါ်တွင် Happy Water (၅.၅၄) ကီလို တန်ဖိုးငွေကျပ်(၆၀၉၄)သိန်းနှင့် အက်တက်စီဆေးပြား (၂၀၀၀) ပြား တန်ဖိုးငွေကျပ်သိန်း (၈၀၀) အား ထပ်မံဖမ်းဆီးရမိခဲ့သည်။ ထို့ကြောင့် ယာဉ်ပေါ်လိုက်ပါစီးနင်းလာသူများဖြစ်သည့် ခင်မောင်သိန်း၊ မအီနွန်း၊ အိုက်တစ် နှင့် အိုက်လွတ်တို့အား ဖမ်းဆီးအရေးယူထားသည်ဟု သတင်းရရှိသည်။