သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

GroundGround Tank အတွင်း ရေကန်ဆင်းဆယ်ရာမှ လုပ်သား(၄) ဦး ပိတ်မိပြီး (၂) ဦးသေဆုံးမှုဖြစ်ပွား

GroundGround Tank အတွင်း ရေကန်ဆင်းဆယ်ရာမှ လုပ်သား(၄) ဦး ပိတ်မိပြီး (၂) ဦးသေဆုံးမှုဖြစ်ပွား

Hsan Loi Editor
27/01/2023
Share:

 

၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၂၇) ရက်နေ့ မွန်းလွဲ (၂) နာရီခန့်တွင် သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် လားရှိုး-သိန္နီ လမ်းမကြီးဘေး ဝန်တင်တပ်အနီးရှိ စက်မှုလက်မှုသင်တန်းကျောင်းရှိ ground water tank အတွင်းသို့ ရေကန်ဆင်းဆယ်ရာမှ လုပ်သား(၄) ဦး ပိတ်မိခဲ့သည်။

 

ပိတ်မိခဲ့သော လုပ်သား (၄) ဦးအနက် (၂) ဦးကိုသာ အချိန်မီကယ်ဆယ်နိုင်ခဲ့ပြီး (၂) ဦးမှာ သေဆုံးခဲ့ရသည်။

 

အခင်းဖြစ်ပွားရာနေရာသို့ လားရှိုးမြို့နယ်ရှိ လူမှုကူညီရေးအသင်းများ၊ လားရှိုးမြို့နယ်မီးသတ်၊ လားရှိုးမြို့ကြက်ခြေနီတပ်ဖွဲ့၊လားရှိုးလူငယ်များလူမှုကူညီရေးအသင်း၊ကမ်းလင့်လက်ပရဟိတအသင်း၊ရွှေလှိုင်မေတ္တာလူမှုကူညီရေးအသင်း၊ကမ္ဘောဇနာရေးနှင့်ဆန်လှူအသင်းတို့ ပူးပေါင်းကာ အသက်ရှူကျပ်လူနာ-အမျိုးသားနှစ်ဦး နှင့် သေဆုံးသူအမျိုးသားအလောင်း နှစ်လောင်းအား သယ်ဆောင်၍ လားရှိုးပြည်သူ့ဆေးရုံကြီး-အရေးပေါ်ဌာနသို့ ပို့ဆောင်ခဲ့သည်။ ဒါ့အပြင်အသက်ရှူကျပ်လူနာ(၂)ဦးအား ဖျားနာကုသဆောင်သို့လည်းကောင်း သေဆုံးသူအမျိုးသား(၂)ဦးအား ရင်ခွဲရုံသို့(PR-001)/(PR-003)ဖြင့်လည်းကောင်း အသီးသီး ပို့ဆောင်ကူညီပေးခဲ့ကြောင်း သတင်းရရှိသည်။

Made with LogoLicious Add Your Logo App

Made with LogoLicious Add Your Logo App