ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

GroundGround Tank အတွင်း ရေကန်ဆင်းဆယ်ရာမှ လုပ်သား(၄) ဦး ပိတ်မိပြီး (၂) ဦးသေဆုံးမှုဖြစ်ပွား

GroundGround Tank အတွင်း ရေကန်ဆင်းဆယ်ရာမှ လုပ်သား(၄) ဦး ပိတ်မိပြီး (၂) ဦးသေဆုံးမှုဖြစ်ပွား

Hsan Loi Editor
27/01/2023
Share:

 

၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၂၇) ရက်နေ့ မွန်းလွဲ (၂) နာရီခန့်တွင် သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် လားရှိုး-သိန္နီ လမ်းမကြီးဘေး ဝန်တင်တပ်အနီးရှိ စက်မှုလက်မှုသင်တန်းကျောင်းရှိ ground water tank အတွင်းသို့ ရေကန်ဆင်းဆယ်ရာမှ လုပ်သား(၄) ဦး ပိတ်မိခဲ့သည်။

 

ပိတ်မိခဲ့သော လုပ်သား (၄) ဦးအနက် (၂) ဦးကိုသာ အချိန်မီကယ်ဆယ်နိုင်ခဲ့ပြီး (၂) ဦးမှာ သေဆုံးခဲ့ရသည်။

 

အခင်းဖြစ်ပွားရာနေရာသို့ လားရှိုးမြို့နယ်ရှိ လူမှုကူညီရေးအသင်းများ၊ လားရှိုးမြို့နယ်မီးသတ်၊ လားရှိုးမြို့ကြက်ခြေနီတပ်ဖွဲ့၊လားရှိုးလူငယ်များလူမှုကူညီရေးအသင်း၊ကမ်းလင့်လက်ပရဟိတအသင်း၊ရွှေလှိုင်မေတ္တာလူမှုကူညီရေးအသင်း၊ကမ္ဘောဇနာရေးနှင့်ဆန်လှူအသင်းတို့ ပူးပေါင်းကာ အသက်ရှူကျပ်လူနာ-အမျိုးသားနှစ်ဦး နှင့် သေဆုံးသူအမျိုးသားအလောင်း နှစ်လောင်းအား သယ်ဆောင်၍ လားရှိုးပြည်သူ့ဆေးရုံကြီး-အရေးပေါ်ဌာနသို့ ပို့ဆောင်ခဲ့သည်။ ဒါ့အပြင်အသက်ရှူကျပ်လူနာ(၂)ဦးအား ဖျားနာကုသဆောင်သို့လည်းကောင်း သေဆုံးသူအမျိုးသား(၂)ဦးအား ရင်ခွဲရုံသို့(PR-001)/(PR-003)ဖြင့်လည်းကောင်း အသီးသီး ပို့ဆောင်ကူညီပေးခဲ့ကြောင်း သတင်းရရှိသည်။

Made with LogoLicious Add Your Logo App

Made with LogoLicious Add Your Logo App