ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
NUG ၏ ပညာရေးစနစ်ကို ဖော်ဆောင်နေသူများဟုဆိုကာ မန္တလေးမြို့တွင်ရှိသည့် ဆရာ/မ (၁၅)ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း စစ်ကောင်စီက ယမန်နေ့ တွင် ဖော်ပြခဲ့သည်။ ၎င်းဆရာ/မ များသည် Federal School of Aung Myay Thar Zan အမည်ဖြင့် Online တွင် ကျောင်းသား/သူများကို ပညာသင်ကြားပေးနေသော ဆရာ/မ များဖြစ်ကြောင်း သိရသည်။
Federal School of Aung Myay Thar Zan ကျောင်းတာဝန်ခံ အိရွှေစင်မြင့်ကို မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ ၎င်းနေအိမ်၌ မတ်လ (၂၂) ရက်နေ့တွင် စစ်ကောင်စီအဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထိုမှတဆင့် Federal School of Aung Myay Thar Zan ကျောင်းတွင် ပညာသင်ကြားပေးနေသည့် ဆရာ/မများဖြစ်သည့် တင်တင်လတ်၊ စန်းစန်းဝင်း၊ ခိုင်မာသန်း၊ နေကြည်ဝင်း၊ ခင်ကြည်ဝင်း၊ ခင်ကြည်မာဝေ၊ အေးမြတ်မွန်၊ ကျော်စန်းထွေး၊ ဇော်မျိုးထွန်း၊ ခင်နွယ်ဦး၊ ယဉ်ယဉ်မင်း၊ ခင်မြတ်နိုး၊ ခိုင်မာဖြိုး၊ အိအိအောင်နှင့် ချောစုသန်း တို့ (၁၄) ဦး တို့လည်း ထပ်မံဖမ်းဆီးခြင်း ခံခဲ့ရသည်။
အဆိုပါကျောင်းသည် ၂၀၂၂ ဖေဖော်ဝါရီလမှ စတင်၍ Online စနစ်ဖြင့် ပညာသင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီသတင်းမီဒီယာများက ဖော်ပြသည်။ ၎င်းကျောင်းတွင် တက်ရောက်ပညာသင်ကြားသော ကျောင်းသား/သူများနှင့် ကျောင်းအပ်ခဲ့သော ကျောင်းသားမိဘများကိုလည်း အရေးယူသွားမည်ဟု စစ်ကောင်စီမှ ထုတ်ပြန်ထားသည်။
အလားတူ CDM ကျောင်းသား/သူများကို ပညာသင်ကြားပေးခဲ့သော Kaung For You ပညာရေးအစီအစဉ်တွင် ပါဝင်ခဲ့သော ဆရာ/မလည်း စစ်ကောင်စီမှ ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ဖမ်းဆီးထားခဲ့သည်။
photo credit & original uploader