ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

CNF/A ဌာနချုပ်အား စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုကြောင့် CNF/A ရဲဘော်(၅)ဦး ကျဆုံးခဲ့ကြောင်း သိရ

CNF/A ဌာနချုပ်အား စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုကြောင့် CNF/A ရဲဘော်(၅)ဦး ကျဆုံးခဲ့ကြောင်း သိရ

Hsan Loi Editor
11/01/2023
Share:

 

၂၀၂၃ခုနှစ် ဇန်နဝါရီလ (၁၀) နေ့ ယမန်နေ့က စစ်ကောင်စီတပ်မှ ချင်းအမျိုးသားတပ်မတော် (CNA) ဌာနချုပ်ကို တိုက်လေယာဉ်(၅)စီးဖြင့် ရုတ်တရက်ဝင်ရောက်ပြီး ဗုံးကျဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် CNA တပ်ဖွဲ့ဝင် (၅) ဦး ကျဆုံးခဲ့ရပြီး ၎င်းတို့မှာ ဆလိုင်းဗန်ကျဲအို၊ မိုင်ငွန်လှေပါရ်၊ မိုင်ရွှေလဲန်ပါရ်၊ ဆလိုင်းဒုသင်နှင့် ဆလိုင်းကီလ်မန် တို့ဖြစ်ကြောင်း ဒေသသတင်းများက ဖော်ပြခဲ့သည်။

စစ်ကောင်စီတိုက်လေယာဉ်များ၏ ဗုံးကျဲချစဉ် ဗုံးတစ်လုံးသည် အိန္ဒိယနိုင်ငံမီဇိုရမ်ဘက်သို့ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

CNF/A ဌာနချုပ်အားစစ်ကောင်စီမှဗုံးကျဲတိုက်ခိုက် မှုကိုကန့်ကွက်ရှုတ်ချသည့်အနေဖြင့် ဟားခါးမြို့ တွင်း ရှိ ဆိုင်နှင့်ကျပန်းအလုပ်များ အားလုံး ယနေ့ ဇန်နဝါရီလ(၁၁)နေ့တွင် ပိတ်ထားမည်ဟု ဆိုသည်။